ကယားပြည်နယ်ဒေသထွက်ဂျင်းကို လွိုင်ကော်မြို့နယ် လင်ဖုံလေးကျေးရွာ၊ ကုန်းသာကျေးရွာနှင့် ဒီးမော့ဆိုမြို့နယ် ကုန်းသာကျေးရွာ၊ သေးဆူလဲကျေးရွာတို့တွင် အဓိကစိုက်ပျိုးကြပါသည်။ ဒေသထွက်ဂျင်းတွင် ဂျင်းကြီးနှင့် ဂျင်းသေးဟူ၍ (၂)မျိုးရှိရာ ပြည်နယ်အတွင်းလူသုံးများသောကြောင့် အရောင်းသွက်သော ဟင်းခတ်အမွေးအကြိုင်တစ်မျိုးဖြစ်ပါသည်။ ယခု ဒီဇင်ဘာလတတိယပတ်တွင် ဈေးကွက်အတွင်း ဖြစ်ပေါ်နေသော ဂျင်းကြီးတစ်ပိဿာဈေးနှုန်း မှာ(၁၅၀၀) ကျပ်၊ ဂျင်းသေးတစ်ပိဿာဈေးနှုန်းမှာ(၂၈၀၀)ကျပ်နှုန်းသာရှိပြီး ယခင်နိုဝင်ဘာလ တတိယပတ်တွင် ဂျင်းကြီးတစ်ပိဿာဈေးနှုန်းမှာ (၁၈၀၀)ကျပ်၊ ဂျင်းသေးတစ်ပိဿာဈေးနှုန်းမှာ (၃၀၀၀)ကျပ်ဖြစ်ပြီး ယခု ဒီဇင်ဘာလတတိယပတ်နှင့် ယခင်နိုဝင်ဘာလတတိယအပတ်နှိုင်း ယှဉ်ကြည့်လျှင် ဂျင်းကြီးတစ်ပိဿာမှာ(၃၀၀) ကျပ်၊ ဂျင်းသေးတစ်ပိဿာမှာ (၂၀၀)ကျပ်ခန့်ကျဆင်းသွားကြောင်း ဂျင်းဈေးနှုန်းကျဆင်းသွားရခြင်းမှာ ဈေးကွက်အတွင်းသို့ အခြားဒေသမှ ဂျင်းများလှိုင်လှိုင်ရောက်ရှိလာခြင်းကြောင့်ဖြစ်သည်ဟု နောင်ယားဈေးအတွင်းရှိ ဂျင်းရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။
DOCA(ကယား)