Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
16 Dec 2022

        ပြည်ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျှက်ရှိသော မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲ၊ ဘိုကိတ်ပဲတို့၏ အရောင်းအဝယ်ဖြစ်မှုနှင့်ဈေးနှုန်းအခြေအနေကို အောက်ပါအတိုင်းလေ့လာတင်ပြလိုက်ရပါသည်။

မတ်ပဲ

16 Dec 2022

       ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင် ဖူးစားပြောင်းကို မိုးရာသီနှင့်ဆောင်းရာသီတွင် စိုက်ပျိုးကြပါသည်။ မိုးရာသီတွင် စိုက်ပျိုးသော ဖူးစားပြောင်းကို မေလနှင့် ဇွန်လတွင်စိုက်ပျိုးပြီး စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် ရိတ်သိမ်းရပါသည်။ ဆောင်းရာသီတွင် စိုက်ပျိုးသော ဖူးစား ပြောင်းကို အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင်စိုက်ပျိုးပြီး ဖေဖော်ဝါရီလနှင့် မတ်လတို့တွင် ရိတ်သိမ်းပါသည်။ ပြည်ခရိုင်အနေဖြင့် ဖူးစားပြောင်း (မိုး) စိုက်ဧကမှာ ၈၃၂၁ ဧကရှိပြီး တစ်ဧက အထွက်နှုန်းမှာ အဖူးရေ ၂၄၆၉၆ဖူ

16 Dec 2022

        ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင် ဆီထွက်သီးနှံများဖြစ်သော မြေပဲနှင့်နှမ်းကို အဓိကထား၍ စိုက်ပျိုးကြပြီး ယခုအခါတွင် စားသုံးဆီဖူလှုံရန်အတွက် နေကြာကိုစိုက်ပျိုးကြပါသည်။ ဆီထွက် သီးနှံတစ်မျိုးဖြစ်သော မြေပဲမှာ မိုးမြေပဲနှင့် ဆောင်းမြေပဲဟူ၍ (၂)မျိုးရှိပြီး ယခုအချိန်တွင် စကမြေပဲကိုလည်း စိုက်ပျိုးကြောင်း သိရှိရပါသည်။ မိုးမြေပဲကို မေလနှင့် ဇွန်လတွင် စိုက်ပျိုးပြီး စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလတို့တွင် ရိတ်သိမ်းပါသည်။ ဆောင်းမြေပဲကို စက်တင်ဘာလနှင့် အောက်တိုဘာလတို

16 Dec 2022

     စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ဌာန၏လုပ်ငန်းဖြစ်သော စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိသည့်အပြင် ပြည်တွင်းကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာ စေရေး အတွက်လည်း ဆောင်ရွက်လျှက်ရှိပါသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများလည်း သက်ဆိုင်ရာမိတ်ဖက် ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိပါသည်။ ထို့အပြင်စက်မှုကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် တစ်ဖက်တစ်လမ်းမှလည်း ဆောင်ရွက်လျှက်ရှိပါသည်။

15 Dec 2022

          ၂၀၂၂ခုနှစ် ဒီဇင်ဘာလ ပထမဆုံးပတ်အတွင်း ရွှေဘိုမြို့နယ်တွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန် တစ်ပြည် ၃၇၀၀ကျပ်၊ ဧရာမင်းဆန် တစ်ပြည် ၂၈၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ကြက်သွန်နီ လက်လီဈေးမှာ (ကြီး)တစ်ပိဿာ ၅၂၀၀ကျပ်၊ (လတ်) တစ်ပိဿာ ၄၈၀၀ကျပ်၊ (သေး)တစ်ပိဿာ ၃၇၀၀ကျပ်နှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူလက်လီဈေးမှာ (ဗမာ)တစ်ပိဿာလျှင် ၃၅၀၀ကျပ်မှ ၄၀၀၀ကျပ်ထိ၊ ရှမ်း ကြက်သွန်ဖြူ တစ်ပိဿာ ၄၅၀၀ကျပ်မှ ၅၀၀၀ကျပ်ထိ ၊ (ကြူကုပ်) တစ်ပိဿာ ၅၀၀၀ကျပ်မှ ၆၀၀၀ကျပ်ထိ၊ ချင

Pages