Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
16 Dec 2022

      စစ်ကိုင်းတိုင်းဒေသကြီး ဆန်ပိုဒေသများဖြစ်သော ကန့်ဘလူနှင့် ရွှေဘိုခရိုင်တို့တွင် စပါး/ ဆန်ဈေးနှုန်းများ အနည်းငယ်တက်နေပြီး၊ မုံရွာခရိုင်တွင် ဧရာမင်း စပါး/ဆန်ဈေး အနည်းငယ်ကျဆင်း နေပြီး၊ ကျန်ခရိုင်များတွင် ဈေးအေးနေပါသည်။

16 Dec 2022

         စစ်ကိုင်းတိုင်းဒေသတွင်း စားသုံးဆီဖူလုံပိုလျှံစေရန်နှင့် ဒေသခံတောင်သူများ ဝင်ငွေပိုမိုရရှိစေရန် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၌ ၂၀၂၂-၂၀၂၃ ခုနှစ် ဆောင်းသီးနှံ မြေပဲ၊ နှမ်း၊ နေကြာ၊ ပန်းနှမ်းစသည့် ဆီထွက်သီးနှံဧက နှစ်သိန်းကျော် လျာထားစိုက်ပျိုးဆောင်ရွက်လျက် ရှိကြောင်း၊ စိုက်ဧကများအနေဖြင့် မြေပဲ ၆၁၀၂၆ ဧက၊ နှမ်း ၉၆၈၀၃ ဧက၊ နွေနှမ်း ၄၄၅၅ ဧက၊ နေကြာ ၄၉၃၃၄ ဧကနှင့် ပန်းနှမ်းစ ၁၇၀၉ ဧက၊ စုစုပေါင်း ၂၁၃၃၂၇ ဧက လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း၊ ဆီထွက်သီးနှံ စိုက်ပျိုး

16 Dec 2022

          တောင်ငူမြို့၊ ညောင်ပင်ဈေးတွင် ကန်ဇွန်းဥ၊ ပိန်းဥနှင့် ပဲမြစ်များလှိုင်လှိုင်ပေါ်နေပြီ ဖြစ်သည်။ ယခုအချိန်အခါ ဆောင်းဦးရာသီတွင် ယင်း ကန်ဇွန်းဥ၊ ပိန်းဥနှင့် ပဲမြစ်များမှာ ကျန်ရာသီ ချိန်များထက်ပို၍ လှိုင်လှိုင်ပေါ်သော အချိန်အခါဖြစ်ပါသည်။ ကန်ဇွန်းဥ (ငချိပ်)  ၁ ပိဿာလျှင်  ၂၀၀၀ ကျပ်၊ ပဲမြစ် ၁ ပိဿာလျှင် ၃၀၀၀ ကျပ်နှင့် ပိန်းဥ ၁ ပိဿာလျှင် ၁၅၀၀  ကျပ် အသီးသီး ဈေးနှုန်း ဖြစ်ပေါ်လျှက်ရှိပါသည်။

16 Dec 2022

            တောင်ငူခရိုင်၊ ဖြူးမြို့မှ ဈေးကွက်အတွင်း ထုတ်လုပ်ရောင်းချသည့် ရွှေဥဒေါင်းမင်းပဲမုန့်သည် ဒေသအတွင်း လူကြိုက်များသည့် မုန့်တစ်မျိုးဖြစ်ပါသည်။ ပဲမုန့်ပြုလုပ်ရန်အတွက် လိုအပ်သော ကုန်ကြမ်းများမှာ ဂျုံ၊ သကြား၊ ဆီ၊ ဆား၊ ကုလားပဲတို့ ဖြစ်ပါသည်။

16 Dec 2022

         တောင်ငူခရိုင်တွင် မိုးစပါးစိုက်ဧရိယာမှာ ၄၅၂၂၂၀ ဧကရှိရာ နိုဝင်ဘာလကုန်အထိ ၄၀၉၅၂၉ ဧက ရိတ်သိမ်းပြီးစီးပြီးဖြစ်၍  စိုက်ဧရိယာ၏ ၉၀ ရာခိုင်နှုန်းရိတ်သိမ်းပြီးစီးပြီး ရိတ်သိမ်းရန် ၁၀ ရာခိုင်နှုန်းခန့်သာ ကျန်ရှိပါတော့သည်။ ကွက်ကောက်အထွက်နှုန်းအရ ၇၀.၃၆ တင်းရှိကြောင်း သိရှိရပါသည်။ ယခုရိတ်သိမ်းပြီးစီးသည့်အထိ တောင်ငူခရိုင်အနေဖြင့် စပါးတင်း ၉၆ သိန်း ခန့် ပိုလျှံနေပြီးဖြစ်ပါသည်။

Pages