Main menu

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

Powered by Drupal

      စစ်ကိုင်းတိုင်းဒေသကြီး ဆန်ပိုဒေသများဖြစ်သော ကန့်ဘလူနှင့် ရွှေဘိုခရိုင်တို့တွင် စပါး/ ဆန်ဈေးနှုန်းများ အနည်းငယ်တက်နေပြီး၊ မုံရွာခရိုင်တွင် ဧရာမင်း စပါး/ဆန်ဈေး အနည်းငယ်ကျဆင်း နေပြီး၊ ကျန်ခရိုင်များတွင် ဈေးအေးနေပါသည်။

        စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဒီဇင်ဘာလ(တတိယ)ပတ်တွင် ဖြစ်ပေါ်နေသော စပါး/ ဆန် ဈေးနှုန်းများမှာ ရွှေဘိုခရိုင်တွင် ရွှေဘိုပေါ်ဆန်း(စပါး)တင်း ၁၀၀ လျှင် ကျပ်(၂၆၀၀၀၀၀)၊ ပေါ်ဆန်း (ဆန်) ၂၄  ပြည်ပါ တစ်အိတ်လျှင် ကျပ်  ၈၈၀၀၀၊ ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ၁၄၅၀၀၀၀၊ ဧရာမင်း(ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၆၅၀၀၀၊ ရေဦးမြို့မှ ပေါ်ဆန်း (စပါး) တင်း ၁၀၀ လျှင် ကျပ် ၂၃၀၀၀၀၀၊ ပေါ်ဆန်း(ဆန်)တစ်အိတ်လျှင် ကျပ် ၈၀၀၀၀၊  ဧရာမင်း (စပါး) တင်း ၁၀၀ လျှင် ကျပ် ၁၃၀၀၀၀၀၊ ဧရာမင်း(ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင်  ၅၈၀၀၀ ကျပ်များဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

        ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၀၅၀၀၀၀၊ ဧည့်မထ(ဆန်)‌ ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၄၄၀၀၀၊ ငစိန်(စပါး) တင်း ၁၀၀ လျှင် ၉၅၀၀၀၀ ၊ ငစိန်(ဆန်)၂၄ ပြည်ပါ တစ်အိတ်လျှင် ၄၀၀၀၀၊ ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၃၅၀၀၀၀၊ ဧရာမင်း(ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၅၅၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

          ကသာခရိုင်၊ အင်းတော်မြို့နယ်မှ မှော်ဘီ(၂)(စပါး) တင်း ၁၀၀ လျှင် ကျပ် ၉၀၀၀၀၀၊ မှော်ဘီ(၂) ဆန် ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၄၀၀၀၀၊ ဆင်းဧကရီ(၃)(စပါး) တင်း ၁၀၀ လျှင် ကျပ် ၈၅၀၀၀၀၊ ဆင်းဧကရီ-၃ ဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၃၆၀၀၀၊ ဧရာမင်း (စပါး) တင်း ၁၀၀ လျှင် ကျပ် ၁၀၀၀၀၀၀၊ ဧရာမင်းဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၅၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

        မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၃၇၀၀၀၀၊  ဧရာမင်း(ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၆၀၀၀၀၊ ပေါ်ဆန်း(စပါး) တင်း ၁၀၀ လျှင် ကျပ် ၂၂၀၀၀၀၀၊ ပေါ်ဆန်း(ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၈၃၀၀၀၊ မနောသုခ (စပါး)ဟောင်း တင်း ၁၀၀ လျှင် ကျပ် ၁၂၀၀၀၀၀၊ မနောသုခ (ဆန်)ဟောင်း ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၄၄၀၀၀၊  မနောသုခ (စပါး)သစ် တင်း ၁၀၀ လျှင် ကျပ် ၁၀၀၀၀၀၀၊ မနောသုခ(ဆန်)သစ် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၄၀၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

      ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၂၀၀၀၀၀၊  ဧရာမင်း (ဆန်)၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၆၀၀၀၀၊ ပေါ်ဆန်း(စပါး) တင်း ၁၀၀ လျှင် ကျပ် ၂၃၀၀၀၀၀၊ ပေါ်ဆန်း(ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၇၅၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

      စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဒီဇင်ဘာလ(ဒုတိယ) ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၁၅၀၀၊ မန္တလေးသို့ အိတ်ရေ ၅၀၉၀၀ အိတ်၊ မကွေးသို့ အိတ်ရေ ၁၀၀၀ အိတ်၊ နေပြည်တော်သို့ အိတ်ရေ ၁၀၀၀၀ အိတ်၊ ရှမ်း(တောင်)သို့ အိတ်ရေ ၉၅၀၀ အိတ်၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၉၅၀၀ အိတ်၊ ကချင်သို့ အိတ်ရေ ၄၀၀၀ အိတ်၊ စုစုပေါင်းအိတ်ရေ (၁၁၆၄၀၀)အိတ်၊ တန်အားဖြင့် (၅၈၂၀)တန်  စီးထွက်ခဲ့ပြီး၊ ယခု ဒီဇင်ဘာလ(တတိယ)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၂၀၀၀အိတ်၊ မန္တလေးသို့ အိတ်ရေ ၄၈၂၀၀ အိတ်၊ မကွေးသို့ အိတ်ရေ ၁၀၀၀ အိတ်၊ နေပြည်တော်သို့ အိတ်ရေ ၁၀၀၀၀ အိတ်၊ ရှမ်း(တောင်)သို့ အိတ်ရေ ၉၅၀၀ အိတ်၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၉၅၀၀ အိတ်၊ ကချင်သို့ အိတ်ရေ ၂၀၀၀ အိတ်၊ စုစုပေါင်းအိတ်ရေ (၁၁၂၂၀၀)အိတ်၊ တန်အားဖြင့် (၅၆၁၀)တန် စီးထွက်ခဲ့သည့်အတွက် ယခင်ပတ်နှင့်နှိုင်းယှဉ်လျှင် ယခုပတ်တွင် အိတ်ရေ (၄၂၀၀)အိတ် တန်အားဖြင့် (၂၁၀)တန် လျော့နည်းစီးထွက်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)