စစ်ကိုင်းတိုင်းဒေသတွင်း စားသုံးဆီဖူလုံပိုလျှံစေရန်နှင့် ဒေသခံတောင်သူများ ဝင်ငွေပိုမိုရရှိစေရန် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၌ ၂၀၂၂-၂၀၂၃ ခုနှစ် ဆောင်းသီးနှံ မြေပဲ၊ နှမ်း၊ နေကြာ၊ ပန်းနှမ်းစသည့် ဆီထွက်သီးနှံဧက နှစ်သိန်းကျော် လျာထားစိုက်ပျိုးဆောင်ရွက်လျက် ရှိကြောင်း၊ စိုက်ဧကများအနေဖြင့် မြေပဲ ၆၁၀၂၆ ဧက၊ နှမ်း ၉၆၈၀၃ ဧက၊ နွေနှမ်း ၄၄၅၅ ဧက၊ နေကြာ ၄၉၃၃၄ ဧကနှင့် ပန်းနှမ်းစ ၁၇၀၉ ဧက၊ စုစုပေါင်း ၂၁၃၃၂၇ ဧက လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း၊ ဆီထွက်သီးနှံ စိုက်ပျိုးရာတွင် ဒေသခံတောင်သူများ စိုက်ပျိုးရေးနှင့်ပတ်သက်ပြီး အခက်အခဲမဖြစ်စေရန်အတွက် တောင်သူအသိပညာပေးလုပ်ငန်းများကို နယ်မြေအလိုက် စိုက်ပျိုးရေး တာဝန်ခံ ဝန်ထမ်းများက အလျဉ်းသင့်သလို လယ်ယာမြေစိုက်ခင်းအရောက် ကွင်းဆင်း၍လည်းကောင်း၊ ခရိုင်/မြို့နယ် စိုက်က်ပျိုးရေးရုံးများ၌ သင်တန်းများပြုလုပ်၍လည်းကောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် ယူရီးယားဓာတ်မြေဩဇာအိတ်များကို သက်သာသောဈေးနှုန်းနှင့် ဖြန့်ဖြူး ရောင်းချခြင်းများ ဆောင်ရွက်ပေးကြောင်း စစ်ကိုင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာကုန်ထိ စိုက်ပျိုးပြီးစီးမှုအနေဖြင့် မြေပဲ ၆၁၀၉၀ ဧက၊ နှမ်း ၉၆၆၉၁ ဧက၊ နေကြာ ၅၀၂၃၉ ဧက၊ ပန်းနှမ်း ၁၇၁၄ ဧကနှင့် အခြားဆီထွက် ၃၈၅ ဧက၊ စုစုပေါင်း ၂၁၀၁၁၉ ဧကစိုက်ပျိုးပြီးဖြစ်၍ မြေပဲသီးနှံ၊ နေကြာသီးနှံနှင့် ပန်းနှမ်းသီးနှံများမှာ လျာထားသတ်မှတ် ဧကထက် ပိုမိုကျော်လွန် စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)