Main menu

တောင်ငူမြို့ ကန်ဇွန်းဥ၊ ပိန်းဥ၊ ပဲမြစ် ဈေးကွက်အခြေအနေ

Powered by Drupal

          တောင်ငူမြို့၊ ညောင်ပင်ဈေးတွင် ကန်ဇွန်းဥ၊ ပိန်းဥနှင့် ပဲမြစ်များလှိုင်လှိုင်ပေါ်နေပြီ ဖြစ်သည်။ ယခုအချိန်အခါ ဆောင်းဦးရာသီတွင် ယင်း ကန်ဇွန်းဥ၊ ပိန်းဥနှင့် ပဲမြစ်များမှာ ကျန်ရာသီ ချိန်များထက်ပို၍ လှိုင်လှိုင်ပေါ်သော အချိန်အခါဖြစ်ပါသည်။ ကန်ဇွန်းဥ (ငချိပ်)  ၁ ပိဿာလျှင်  ၂၀၀၀ ကျပ်၊ ပဲမြစ် ၁ ပိဿာလျှင် ၃၀၀၀ ကျပ်နှင့် ပိန်းဥ ၁ ပိဿာလျှင် ၁၅၀၀  ကျပ် အသီးသီး ဈေးနှုန်း ဖြစ်ပေါ်လျှက်ရှိပါသည်။

           ကန်ဇွန်းဥ၊ ပိန်းဥနှင့် ပဲမြစ်တို့ကို ပြုတ်၍ အဓိကအားဖြင့်  တောင်ငူမြို့တွင်းအနှံ့ လက်တွန်းလှည်းများဖြင့် လှည့်လည် ရောင်းချသူများရှိသလို အိမ်တွင် နေ့လယ်နေ့ခင်း သရေစာအဖြစ် ကိုယ်တိုင်ပြုတ်စားကြသူများလည်း ရှိပါသည်။ ပိန်းဥကို သရေစာအဖြစ်စားကြသလို ဟင်းအဖြစ် ချက်ပြုတ်၍လည်း စားသုံးကြပါသည်။ ကန်ဇွန်းဥ (ငချိပ်) နှင့် ပိန်းဥတို့မှာ ရှမ်းပြည်နယ်မှ တင်ပို့ရောင်းချပြီး၊ ပဲမြစ်မှာမူ မန္တလေးတိုင်းဒေသကြီးမှ အများဆုံး တင်ပို့ရောင်းချ ခြင်းဖြစ်သည်ဟု တောင်ငူမြို့ ညောင်ပင်ဈေးရှိ ကန်ဇွန်းဥ၊ ပိန်းဥ ရောင်းချသူ တစ်ဦးထံမှ သိရှိရပါသည်။ 

              ကန်ဇွန်းဥ၊ ပိန်းဥနှင့် ငချိပ်တို့မှာ ကစီဓါတ်၊ ပရိုတိန်းဓါတ်ကြွယ်ဝစွာ ပါရှိသည့် သစ်ဥသစ်ဖုများဖြစ်သဖြင့် ကြွက်သားများလှုပ်ရှားခြင်း၊ နှလုံးခုန်ခြင်း စသည့် ခန္ဓာကိုယ်အစိတ်အပိုင်းများ လှုပ်ရှားခြင်းကို များစွာအထောက်အကူပေးသကဲ့သို့ ခလေးများ ခန္ဓာကိုယ်ကြီးထွားခြင်းကိုလည်း များစွာအထောက်အကူပြုပါသည်။ သို့ရာတွင် ဆီးချိုရောဂါရှိသူများအတွက် အတိုင်းအဆနှင့်သာ စားသုံးသင့်သော အစားအစာများဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)