Main menu

ကသာမြို့တွင်း ရောင်းချလျက်ရှိသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ

Powered by Drupal

        ၂၀၂၂-ခုနှစ် ဒီဇင်ဘာလ ဒုတိယအပတ်တွင် ကသာမြို့နယ်၊ သီရိခေမာဈေးအတွင်း ရောင်းချလျက်ရှိသော အခြေခံစားသောက်ကုန်ပစ္စည်းများမှာ ဧရာမင်းဆန်တစ်ပြည်လျှင် (၂၂၀၀)ကျပ်၊ မှော်ဘီဆန်တစ်ပြည်လျှင် (၁၉၀၀) ကျပ်နှင့် ချင်း-၃ဆန်တစ်ပြည်လျှင် (၁၇၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိပြီး စားသုံးဆီ ဈေးနှုန်းမှာ မြေပဲဆီတစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်နှင့် စားအုန်းဆီတစ်ပိဿာလျှင် (၆၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိသည်။ ဆန်ဈေးနှုန်းများမှာ ဒီဇင်ဘာလ ပထမအပတ်နှင့် နှိုင်းယှဉ်ကြည့်ပါက ဈေးနှုန်းအတက်/အကျ မရှိဘဲ တည်ငြိမ်နေသည်ကို တွေ့ရပြီး စားအုန်းဆီဈေးနှုန်းမှာ ကျပ်(၅၀၀)ကျပ် ဈေးကျသည်ကို သိရသည်။

        စားဖိုဆောင်သီးနှံ လက်လီဈေးနှုန်းများမှာ ကြက်သွန်နီ (အသစ်)(ကြီး/လတ်/သေး)ပေါ် မူတည် ၍ တစ်ပိဿာလျှင်(၆၀၀၀ မှ ၃၀၀၀)ကျပ် ၊ ကြက်သွန်ဖြူ(ရှမ်း) (ကြီး/လတ်) တစ်ပိဿာလျှင် (၅၀၀၀ မှ ၆၀၀၀) ကျပ်၊ အာလူးတစ်ပိဿာလျှင် (၂၄၀၀)ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် (၁၆၀၀)ကျပ်၊ ကုလားပဲ တစ်ပိဿာလျှင် (၄၈၀၀)ကျပ်၊ ပဲနီလေး တစ်ပိဿာလျှင် (၅၄၀၀)ကျပ်၊ စားတော်ပဲ တစ်ပိဿာလျှင် (၅၈၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိသည်။ ဒီဇင်ဘာလ ဒုတိယအပတ်အတွင်း ကြက်သွန်နီ/ ကြက်သွန်ဖြူဈေးနှုန်းမှာ ကျပ် (၅၀၀ မှ ၁၀၀၀)ခန့် အထိ မြင့်တက်လာသည်ကိုတွေ့ရပြီး ခရမ်းချဉ်သီးနှင့် အာလူးဈေးနှုန်းမှာ ကျပ်(၄၀၀)ခန့် ဈေးကျလျက်ရှိကြောင်း သိရသည်။

        အသား/ငါး ဈေးနှုန်းများမှာ ကြက်သား(CP) တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၁၆၀၀၀) ကျပ်၊ အမဲသားတစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင် (၂၄၀၀၀)ကျပ်နှင့် ငါးကြင်း တစ်ပိဿာလျှင် (၈၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး ကြက်သားဈေးနှုန်းမှာ ဒီဇင်ဘာလ ဒုတိယအပတ်အတွင်း ကျပ်(၂၀၀၀)ခန့် ဈေးနှုန်းကျဆင်းကြောင်း ရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)