ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ဈေးကွက်တွင် ဒီဇင်ဘာလ ဒုတိယအပတ်၌ ဘိလပ်မြေ ဈေးနှုန်းများမှာ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၁၆၀၀၀)ကျပ်၊ ဆင်တံဆိပ် (50)kg တစ်အိတ် လျှင် (၁၇၀၀၀)ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၇၀၀၀)ကျပ် ဖြစ်ပါသည်။ တာချီလိတ် မြို့အတွင်းရှိ ဘိလပ်မြေ ဈေးနှုန်းများမှာ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၁၄၈၀၀)ကျပ်၊ ဆင် တံဆိပ် (50)kg တစ်အိတ် လျှင် (၁၅၆၀၀)ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၅၆၀၀)ကျပ် ဖြစ်ပါသည်။
ကျိုင်းတုံမြို့အတွင်းရှိ ဒီဇင်ဘာလ ဒုတိယအပတ် ပုလဲ(MEP) (50)kg တစ်အိတ်လျှင် (၉၇၀၀၀)ကျပ်၊ တီဆူပါ (လေဆာ) (50)kg တစ်အိတ်လျှင် (၁၉၀၀၀)ကျပ်၊ တီဆူပါ (may) (50)kg တစ်အိတ်လျှင် (၁၉၀၀၀)ကျပ်၊ ချာန (သုံးမျိုးစပ်) (50)kg တစ်အိတ်လျှင် (၁၄၂၀၀၀)ကျပ် ဖြစ်ပါသည်။ တာချီလိတ်မြို့အတွင်းရှိ ဓာတ်မြေဩဇာ ဈေးနှုန်းများမှာ ပုလဲ (၄၆%) (50)kg တစ်အိတ်လျှင် (၁၃၂၅၀၀)ကျပ်၊ ကွန်ပေါင်း (၁၅ပတ်လည်) (50)kg တစ်အိတ်လျှင် (၁၂၄၄၀၀)ကျပ်၊ ကွန်ပေါင်း (50)kg တစ်အိတ်လျှင် (၁၂၃၅၀၀)ကျပ် ဖြစ်ပါသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ဘိလပ်မြေဈေးနှုန်းများမှာ ယခင် နိုဝင်ဘာလ ဒုတိယအပတ်ထက် ဈေးနှုန်းအနည်းငယ် မြင့်တက်လျက်ရှိပါသည်။ ဓာတ်မြေဩဇာဈေးနှုန်းအနေဖြင့် ပုလဲ (၄၆%) နှင့် ကွန်ပေါင်း (၁၅ပတ်လည်)သည် ယခင် နိုဝင်ဘာလ ဒုတိယအပတ်ထက် ဈေးနှုန်းအနည်းငယ် မြင့်တက်ပါကြောင်းနှင့် ကွန်ပေါင်း၊ ပုလဲ (MEP)၊ တီဆူပါ (လေဆာ)၊ တီဆူပါ (may)၊ ချာန (သုံးမျိုးစပ်)များမှာ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ရှမ်း)