Main menu

ပခုက္ကူမြေပဲများ ဒေသတွင်းသာအရောင်းအဝယ်ဖြစ်ပြီး ဈေးဆက်လက်ကျဆင်း

Powered by Drupal

      ယခု(၁)ပတ်တွင် ပခုက္ကူမြေပဲဈေးကွက်၌ မြေပဲဈေးများ ဆက်လက်ကျဆင်းနေပြီး ဒီဇင်ဘာလ(၆)ရက်မှ(၁၂)ရက်နေ့အထိ (၁)ပတ်အတွင်း မြေပဲတောင့်(အခြောက်) ပိဿာ(၃၅၀၀၀)၊ တင်း (၂၃၀၀)ခန့် ၊ မြေပဲဆံ ပိဿာ(၁၀၀၀၀)၊ ပိဿာ(၃၀)ဝင်ဆံ့ အိတ်(၃၃၀)ခန့် ဝင်ရောက်လျက်ရှိပြီး မြေပဲတောင့်(အခြောက်)(၁)ပိဿာလျှင် ကျပ်(၂၅၀၀ မှ ၃၂၀၀)၊ မြေပဲဆံ(၁)ပိဿာလျှင် လက်ကားဈေးလုံးဆံ(ရှယ်) ကျပ်(၅၁၀၀)နှင့် ဆီဆံ ကျပ်(၄၈၀၀) ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ပခုက္ကူမြို့မဈေးကြီးအတွင်း၌ လက်လီဈေး မြေပဲလုံးဆံ(၁)ပိဿာလျှင် ကျပ်(၅၀၀၀ မှ ၅၅၀၀) ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။

    ဈေးကွက်အတွင်းရှိ မြေပဲများကို ရန်ကုန်၊ မန္တလေးမြို့နှင့် ပခုက္ကူမြို့ပေါ်ရှိ လုပ်ငန်းရှင်များထံ သို့ ဖြန့်ဖြူးလျက်ရှိပြီး မြေပဲဆံများကို ပြည်ပပို့ကုန်အဖြစ် မန္တလေးမြို့မှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့ဖြန့်ဖြူးလျက်ရှိသော်လည်း ဒီဇင်ဘာ(ဒုတိယ)ပတ်တွင် တရုတ်နှစ်သစ်ကူးပွဲတော်ရှိသော ကြောင့် ပြည်ပပို့ကုန်အဖြစ် တင်ပို့မှုမရှိကြောင်း၊ ယခု(၁)ပတ်တွင် ဈေးကွက်အတွင်းသို့ မြေပဲအဝင်နည်းပြီး ဒေသတွင်းသာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။

DOCA(မကွေး)