Main menu

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

Powered by Drupal

           စစ်ကိုင်းတိုင်းဒေသကြီးသည် ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာနှင့် ရွှေဘိုခရိုင်တို့တွင် စပါး/ ဆန်ဈေးနှုန်းများ ဈေးအေးနေပြီး၊ ကန့်ဘလူခရိုင်တွင်  ဧရာမင်း ဆန်ဈေး အနည်းငယ် ကျဆင်းပါသည်။

      စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဒီဇင်ဘာလ(စတုတ္တ)ပတ်တွင် ဖြစ်ပေါ်နေသော စပါး/ ဆန်ဈေး နှုန်းများမှာ ရွှေဘိုခရိုင်တွင် ရွှေဘိုပေါ်ဆန်း(စပါး) (ဟောင်း) တင်း၁၀၀လျှင် ကျပ်(၂၆၀၀၀၀၀)၊ ပေါ်ဆန်း (ဆန်) (ဟောင်း)  ၂၄  ပြည်ပါ တစ်အိတ်လျှင်ကျပ်  ၈၈၀၀၀၊ ရွှေဘိုပေါ်ဆန်း(စပါး) (သစ်) တင်း၁၀၀လျှင် ကျပ်(၁၆၅၀၀၀၀)၊ ပေါ်ဆန်း (ဆန်) (သစ်)  ၂၄  ပြည်ပါ တစ်အိတ်လျှင်ကျပ်  ၅၈၀၀၀၊ ဧရာမင်း(စပါး) (ဟောင်း) တင်း ၁၀၀လျှင် ၁၄၅၀၀၀၀၊ ဧရာမင်း(ဆန်) (ဟောင်း)  ၂၄ ပြည်ပါ တစ်အိတ် ကျပ် ၆၅၀၀၀၊ ဧရာမင်း(စပါး)(သစ်) တင်း ၁၀၀လျှင် ၁၄၅၀၀၀၀၊ ဧရာမင်း(ဆန်) (သစ်)  ၂၄ ပြည်ပါ တစ် အိတ် ကျပ် ၄၈၀၀၀၊ ရေဦးမြို့မှ ပေါ်ဆန်း (စပါး) (ဟောင်း)  တင်း ၁၀၀လျှင် ကျပ် ၂၃၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) (ဟောင်း)  တစ်အိတ်လျှင်ကျပ် ၈၀၀၀၀၊  ပေါ်ဆန်း(စပါး)(သစ်)  တင်း ၁၀၀လျှင် ကျပ် ၁၄၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) (သစ်) တစ်အိတ်လျှင်ကျပ် ၅၀၀၀၀၊  ဧရာမင်း(စပါး)(ဟောင်း) တင်း၁၀၀လျှင် ၁၃၀၀၀၀၀၊ ဧရာမင်း (ဆန်)(ဟောင်း)၂၄ ပြည် ပါ တစ်အိတ်  ၅၈၀၀၀၊ ဧရာမင်း (စပါး)(သစ်) တင်း၁၀၀ လျှင် ၁၀၀၀၀၀၀၊ ဧရာမင်း (ဆန်)(သစ်)၂၄ ပြည် ပါ တစ်အိတ်  ၄၀၀၀၀ ကျပ်များဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

          ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး) တင်း၁၀၀ လျှင် ၁၀၅၀၀၀၀၊ ဧည့်မထ(ဆန်)‌ ၂၄ ပြည်ပါ တစ်အိတ်မှာ ကျပ် ၄၄၀၀၀၊ ငစိန်(စပါး) တင်း ၁၀၀ လျှင် ၉၅၀၀၀၀ ၊ ငစိန်(ဆန်)၂၄ပြည်ပါ တစ် အိတ်မှာ ၄၀၀၀၀၊ ဧရာမင်း (စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၃၅၀၀၀၀၊ ဧရာမင်း(ဆန်)၂၄ပြည်ပါ တစ်အိတ် မှာကျပ် ၅၅၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

         ကသာခရိုင်၊ အင်းတော်မြို့နယ်မှ မှော်ဘီ(၂)(စပါး) တင်း ၁၀၀လျှင် ကျပ်၉၀၀၀၀၀၊ မှော်ဘီ(၂) ဆန် ၂၄ပြည် တစ်အိတ် လျှင် ကျပ် ၄၀၀၀၀၊ ဆင်းဧကရီ(၃)(စပါး) တင်း၁၀၀ လျှင် ကျပ် ၈၅၀၀၀၀၊ ဆင်းဧကရီ-၃ဆန် ၂၄ပြည်တစ်အိတ်မှာကျပ် ၃၆၀၀၀၊ ဧရာမင်း (စပါး) တင်း ၁၀၀ လျှင် ကျပ် ၁၀၀၀၀၀၀၊ ဧရာမင်းဆန် ၂၄ ပြည်ဆန်တစ်အိတ်လျှင် ကျပ် ၅၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

        မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)(ဟောင်း) တင်း ၁၀၀ လျှင် ကျပ် ၁၃၇၀၀၀၀၊  ဧရာမင်း (ဆန်)(ဟောင်း) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၆၀၀၀၀၊ ဧရာမင်း(စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ် ၁၁၅၀၀၀၀၊  ဧရာမင်း (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၄၈၀၀၀၊ ပေါ်ဆန်း(စပါး) (ဟောင်း)တင်း ၁၀၀လျှင် ကျပ် ၂၂၀၀၀၀၀၊ ပေါ်ဆန်း(ဆန်)(ဟောင်း) ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၈၃၀၀၀၊ ဧရာမင်း (စပါး) (သစ်) တင်း ၁၀၀ လျှင် ကျပ် ၁၅၀၀၀၀၀၊  ဧရာမင်း (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၆၀၀၀၀၊ မနောသုခ (စပါး)(ဟောင်း)တင်း ၁၀၀လျှင် ကျပ် ၁၂၀၀၀၀၀၊ မနောသုခ (ဆန်)(ဟောင်း)၂၄ ပြည် တစ်အိတ်လျှင် ကျပ်၄၄၀၀၀၊  မနောသုခ(စပါး)(သစ်) တင်း ၁၀၀လျှင် ကျပ် ၁၀၅၀၀၀၀၊ မနော သုခ(ဆန်)(သစ်)၂၄ ပြည် တစ်အိတ်လျှင် ကျပ်၄၀၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရ ပါသည်။

         ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၂၀၀၀၀၀၊  ဧရာမင်း (ဆန်)၂၄ပြည် တစ်အိတ်မှာ ကျပ် ၅၅၀၀၀၊ ပေါ်ဆန်း(စပါး) တင်း ၁၀၀လျှင် ကျပ် ၂၃၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၇၅၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

         စစ်ကိုင်းတိုင်းဒေသကြီးမှအခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဒီဇင်ဘာလ (တတိယ) ပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၃၂၀၀၀၊ မန္တလေး သို့ အိတ်ရေ ၄၈၂၀၀၊ မကွေး သို့ အိတ်ရေ ၁၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၀၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၉၅၀၀၊ ရှမ်း(မြောက်)သို့အိတ်ရေ ၉၅၀၀၊ ကချင်သို့ အိတ်ရေ ၂၀၀၀၊ စုစုပေါင်းအိတ်ရေ (၁၁၂၂၀၀)အိတ်၊ တန်အားဖြင့် (၅၆၁၀)စီးထွက်ခဲ့ပြီး၊ ယခု ဒီဇင်ဘာလ (စတုတ္တ) ပတ် တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၂၀၀၀၊ မန္တလေး သို့ အိတ်ရေ ၅၃၁၀၀၊ မကွေး သို့ အိတ်ရေ ၁၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၉၅၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၉၀၀၀၊ ရှမ်း(မြောက်)သို့အိတ်ရေ ၉၀၀၀၊ ကချင်သို့ အိတ်ရေ ၃၀၀၀၊ စုစုပေါင်းအိတ်ရေ (၁၁၆၆၀၀)အိတ်၊ တန်အားဖြင့် (၅၈၃၀)စီးထွက်ခဲ့သည့်အတွက် ယခင်ပတ်နှင့် နှိုင်းယှဉ် လျှင် ယခုပတ်တွင် အိတ်ရေ (၄၂၀၀) တန်အားဖြင့် (၂၂၀) ပိုမို စီးထွက်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)