Main menu

အောင်လံကုန်စည်ဒိုင်၏ သီးနှံရောင်းဝယ်ဖြစ်မှုအခြေအနေ

Powered by Drupal

            အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် နှမ်းနက်(စမုံ)(၄၅)ပိဿာဝင်(၁)အိတ်လျှင် ယခင်အပတ်(၇.၁၂.၂၀၂၂)ရက်နေ့တွင် ကျပ်(၂၃၀၀၀၀)ဖြစ်ပြီး ယခုအပတ်(၁၃.၁၂.၂၀၂၂)ရက်နေ့တွင်လည်း ကျပ်(၂၃၀၀၀၀)၊ နှမ်းဖြူ(၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၂၂၀၀၀၀)ဖြစ်ပြီး ယခု အပတ်တွင်လည်း ကျပ်(၂၂၀၀၀၀)၊ နှမ်းနီနှင့် နှမ်းပြာ(၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၂၀၀၀၀၀)ဖြစ်ပြီး ယခု အပတ်တွင် လည်း ကျပ်(၂၀၀၀၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ အရောင်းအဝယ်ပမာဏအနေဖြင့် (၄၅)ပိဿာဝင် အိတ်ဖြင့် နှမ်းနက်(စမုံ)(၃၂၀၀)အိတ်၊ နှမ်းပြာ(၄၃၀)အိတ်၊ နှမ်းဖြူ(၉၀)အိတ်၊ နှမ်းနီ(၁၄၀)အိတ်တို့ အရောင်း အဝယ်ရှိခဲ့ကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။

            ပဲမျိုးစုံဈေးကွက်တွင် (၂၀)ပိဿာ (၁)တင်းလျှင် ပဲတီစိမ်းမှာ ယခင်အပတ်တွင် ကျပ်(၄၇၀၀၀) ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၄၈၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀)ဈေးမြင့်တက်ခဲ့ကြောင်း၊ ပဲစဉ်းငုံ(နီ) (၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၅၆၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၅၉၀၀၀)ဖြစ်၍ ကျပ်(၃၀၀၀)ဈေးမြင့်တက်ခဲ့ ကြောင်း၊ မတ်ပဲ (၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၅၄၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၅၈၀၀၀) ဖြစ်၍ ကျပ်(၄၀၀၀)ဈေးမြင့်တက်ခဲ့ကြောင်း၊ ကုလားပဲ(HL) (၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၅၉၅၀၀) ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၆၂၀၀၀)ဖြစ်၍ ကျပ်(၂၅၀၀)ဈေးမြင့်တက်ခဲ့ကြောင်း၊ ကုလားပဲ(မြကြေး) (၁) အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၅၉၅၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၆၁၀၀၀)ဖြစ်၍ ကျပ်(၁၅၀၀) ဈေးမြင့်တက်ခဲ့ကြောင်း စသည်ဖြင့်အသီးသီးဈေးမြင့်တက်ခဲ့ပါသည်။ ဘိုကိတ်(ပြာ) (၁)အိတ်လျှင် ယခင်အပတ် တွင် ကျပ်(၃၉၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၃၇၅၀၀)ဖြစ်၍ ကျပ်(၁၅၀၀) ဈေးလျော့ကျခဲ့ကြောင်း၊ ပဲကြီး (၁)အိတ်လျှင် ယခင်အပတ် တွင် ကျပ်(၇၄၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၇၄၀၀၀) ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ အရောင်းအဝယ်ပမာဏအနေဖြင့် (၃၀)ပိဿာဝင်အိတ်ဖြင့် ပဲတီစိမ်း (၃၆၀၀)အိတ်၊ ပဲစဉ်းငုံ(နီ)(၇၀၀)အိတ်၊ ကုလားပဲ(HL) (၇၅၀)အိတ်၊ ကုလားပဲ(မြကြေး) (၅၅၀)အိတ်၊ ဘိုကိတ်(ပြာ) (၃၈၀)အိတ်၊ ပဲကြီး (၄၀၀)အိတ်တို့ အရောင်းအဝယ်ရှိခဲ့ကြောင်း သိရှိရပါသည်။

            မြေပဲလုံးဆံ(ဖြူ)မှာ (၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၄၉၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၄၈၅၀) ဖြစ်၍ ကျပ်(၅၀)ဈေးလျော့ကျခဲ့ကြောင်း၊ မြေပဲလုံးဆံ(နီ) (၁)ပိဿာလျှင် ယခင်အပတ် တွင် ကျပ် (၅၂၅၀) ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ် (၅၂၅၀)၊ မြေပဲတောင့်အစို (၁)တင်းလျှင် ယခင်အပတ်တွင် ကျပ်(၂၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ် (၂၀၀၀၀)ဖြစ်၍ ဈေးနှုန်း ပြောင်းလဲ မှု မရှိဘဲ အရောင်းအဝယ်ပမာဏအနေဖြင့် မြေပဲလုံးဆံ(နီ)(၃၀)ပိဿာဝင် (၁၁၀၀)အိတ်၊ မြေပဲလုံးဆံ (ဖြူ) (၁၅၅၀)အိတ်နှင့် မြေပဲတောင့်အစို တင်း(၃၇၀၀)ခန့်အရောင်းအဝယ်ရှိခဲ့ကြောင်းသိရှိခဲ့ရပါသည်။

        ဝါသီးနှံဈေးကွက်မှာလည်း (၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၂၈၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၂၈၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ ဝါပိဿာချိန်(၂၃၀၀၀)ခန့် အရောင်းအဝယ်ရှိခဲ့ကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(မကွေး)