ကလေးမြို့နယ်ရှိ သာစည်၊ ချင်းဆိုင်၊ ကန်ပုလဲကျေးရွာနှင့် တောင်အူ၊ ပျဉ်သာ၊ ဆည်တော်ဉီး ကျေးရွာများတွင် စားတော်ပဲအရွက်နှင့် စားတော်ပဲနုများ ရောင်းချရန် စပါးခင်းများ စိုက်ပျိုးရိတ်သိမ်းပြီးချိန်တွင် ထွန်ယက်၍ တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြပါသည်။ ကလေးနယ် တစ်ဝိုက်မှထွက်ရှိသော စားတော်ပဲနုများကို ကြိုက်နှစ်သက်မှုများပြီး ပေါ်စတွင် စားတော်ပဲနုသီး နို့ဆီဗူးတစ်ဗူးလျှင် ( ၁၇၀၀ ကျပ်မှ ၁၅၀၀ကျပ် ) ပေး၍ ဝယ်ယူစား သုံးရပါသည်။ ယခုအခါတွင် ချင်းတောင်ဒေသ ဘားလုံတွင်လည်း စားတော်ပဲအနုများရောင်းချရန် တစ်ပိုင်တစ်နိုင် စိုက်ပျိုးလာ သည့်အတွက် အစောဆုံးထွက်ရှိကာ ဈေးနှုန်းရရှိပြီး ဈေးကွက်တွင် တောင်ပေါ်ပဲနှင့် မြေပြန့်ပဲဟူ၍ နှစ်မျိုးနှစ်စားရောင်းချလျှက်ရှိပါသည်။ တောင်ပေါ်ဒေသမှထွက်ရှိသည့် စားတော်ပဲနုသည် အလုံး ကြီးပြီး လက်ရှိဈေးကွက်တွင် ဖောက်သည်ဈေး နို့ဆီတစ်ဗူး လျှင် ( ၈၀၀ )ကျပ်၊ ဈေးနှုန်းရှိပြီး လက်လီဈေးကွက်တွင် နို့ဆီတစ်ဗူးလျှင်(၁၀၀၀)ကျပ်၊ ဈေးနှုန်း ရှိပါသည်။ မြေပြန့်စားတော်ပဲနုသီး နို့ဆီတစ်ဗူး ဖောက်သည်ဈေး နို့ဆီတစ်ဗူးတစ်ထောင်ကျပ် ဈေးနှုန်းဖြစ်ပြီး လက်လီနို့ဆီတစ်ဗူးလျှင် ( ၁၂၀၀ ) ကျပ်ဈေးနှုန်းဖြင့် ရောင်းချလျှက်ရှိပါသည်။ ယခင်နှစ်များက လမ်းပမ်းဆက်သွယ်ရေး ကောင်းမွန်သည့်အတွက် မုံရွာ၊ မန္တလေးမြို့များသို့ စားတော်ပဲနုသီးအတောင့်များ တင်ပို့မှုရှိသော်လည်း ယခုအခါတွင် လမ်းပမ်းဆက်သွယ်ရေး နေ့ချင်းပေါက်မရောက်နိုင်သည့်အတွက် မြို့နယ်တွင်း ဈေးကွက်သာ ရောင်းချရလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)