Main menu

ဟင်္သာကုန်စည်ဒိုင်တွင် ပဲတီစိမ်း(အနီ) ဈေးကောင်းရလျက်ရှိ

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတကုန်စည်ဒိုင်သည် ပဲမျိုးစုံကို အဓိကထားရောင်းဝယ်သည့် ကုန်စည်ဒိုင်ဖြစ်သည့်အားလျော်စွာ ဒီဇင်ဘာလဆန်းတွင် ဆောင်းသီးနှံကိုင်းပဲအသစ်များ ဈေးကွက်ဝင်ရောက်လာပါသည်။ ဒီဇင်ဘာ(၁၄)ရက်နေ့တွင် မတ်ပဲ(အဟောင်း)တစ်တင်းလျှင် ၅၉၅၀၀ ကျပ်၊ မတ်ပဲ(အသစ်) တစ်တင်းလျှင် ၆၀၀၀၀ ကျပ်၊ ပဲတီစိမ်း(ဆီပြောင်) အသစ်တစ်တင်းလျှင် ၄၇၀၀၀ ကျပ်၊ပဲလွန်းဖြူ(အသစ်) တစ်တင်းလျှင် ၆၀၀၀၀ ကျပ်၊ ပဲလွန်းနီ(အသစ်)တစ်တင်းလျှင် ၅၀၀၀၀ ကျပ်၊ ပဲယင်း(အနီ)အသစ်တစ် တင်းလျှင် ၅၅၀၀၀ ကျပ်၊ ပဲပုတ်(ဆီတိုး)အသစ်တစ်တင်းလျှင် ၅၀၀၀၀ ကျပ်၊ ပဲတီစိမ်း(အနီ)အသစ် တစ်တင်းလျှင် ၈၈၀၀၀ ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်နှစ် ကာလတူဈေးနှုန်းများ ထက် ကျပ် ၅၀၀၀ မှ ၂၀၀၀၀ ကျပ်ခန့်ထိဈေးပိုရလျက်ရှိပါသည်။ ပဲတီစိမ်း(အနီ)မှာ ဈေးအကောင်းဆုံး ဖြစ်ကာ ယခင်နှစ်ကာလတူထက် ကျပ် ၂၀၀၀၀ ခန့် ဈေးပိုရလျက်ရှိပြီး ဟင်္သာတခရိုင်နှင့် မြန်အောင်ခရိုင် တွင် ၂၀၁၉ ခုနှစ်မှ စတင်စိုက်ပျိုးခြင်းဖြစ်ပါသည်။ ပဲတီစိမ်း(အနီ)စိုက်ဧကများ နှစ်စဉ်တိုးတက်လာကာ တစ်ဧကတင်း ၃၀ မှ ၄၀ ကြားထွက်ရှိသည့်အတွက် ကိုင်းစိုက်တောင်သူတို့ နှစ်စဉ် တွက်ချေကိုက် အကျိုးဖြစ်ထွန်းလျက်ရှိသည့် ဆောင်းသီးနှံ ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)