Main menu

သာယာဝတီမြို့နယ် အင်းရွာ အုတ်လုပ်ငန်း ထုတ်လုပ်ရောင်းချမှု

Powered by Drupal

        ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ အင်းရွာအုပ်စု ၊ အင်းရွာကျေးရွာရှိ အုတ်များ ထုတ်လုပ်ရောင်းချနေသူ လုပ်ငန်းရှင်တစ်ဦး၏ ထုတ်လုပ်ရောင်းချနေမှုကို ၂၀.၁၂.၂၀၂၂ ရက်နေ့ ၊ နံနက် ၁၀ : ၀၀ နာရီအချိန်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ၊ ဒု-မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်လိုက်ပါ၍ မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ ၊ ကျေးရွာ ပရဟိတအဖွဲ့ဝင်များနှင့်အတူ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံပါဝင်သော ပူးပေါင်းအဖွဲ့သည် အဆိုပါ အုတ်လုပ်ငန်းအား သွားရောက်လေ့လာခဲ့ပါသည်။

          အုတ်ရရှိရန်အတွက် မြေ ၊ ဖွဲခွံ ၊ ထင်းတို့ကို ဝယ်ယူရပြီး စက်ဖြင့်ထုတ်လုပ်သော အုတ်ချပ်များနှင့် လက်ဖြင့် ထုတ်လုပ်သော အုတ်ချပ်များ ထုတ်လုပ်ရောင်းချကြောင်း သိရှိရပါသည် ။ လုပ်ငန်းကို လုပ်သား (၁၅)ဦးခန့်ဖြင့် လည်ပတ်လျှက်ရှိပြီး တစ်နေ့အုတ်ချပ် ထုတ်လုပ်နိုင်မှုအနေဖြင့် (၂၄၀၀)ချပ်ခန့် ထုတ်လုပ်နိုင်ပြီး ၁၀ ရက်လျှင် အုတ်ချပ်ရေ ၂၄၀၀၀ချပ်ခန့် ထုတ်လုပ်နိုင်ပါသည် ။ အုတ်ချပ်တစ်ချပ် ကုန်ကျစရိတ်မှာ (၆၀) ကျပ်ခန့်ကုန်ကျပြီး ရောင်းချဈေးမှာ (၁၂၀) ကျပ်ခန့် ရရှိပါသည်။ ယခုနှစ်တွင် ယခင်နှစ်ထက် ဈေးပိုရကြောင်း သိရှိရပါသည်။ အုတ်တစ်ဖိုလျှင် အုတ်ချပ်ရေ ၂၄၀၀၀ခန့် ရရှိသည့် အတွက် ရောင်းရငွေမှာ ၂၈၈၀၀၀ဝိ-/ ကျပ်ခန့် ရရှိပါသည် ။ အကျိုးအမြတ်အနေဖြင့် အုတ်တစ်ဖိုလျှင် ၁၄၄၀၀၀ဝိ-/ ကျပ်ခန့်ရရှိသဖြင့် ယခုနှစ်တွင် အုတ်လုပ်ငန်းများ အကျိုးအမြတ်ရရှိနေကြောင်း အုတ်လုပ်ငန်းရှင်ပြောကြားချက်အရ သိရှိရပါသည် ။

DOCA(ပဲခူး)