ကုန်သွယ်မှုသတင်းများ
တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ နွေစပါးစိုက်တောင်သူများ စိုက်ပျိုးရေရရှိရေးနှင့် နွေစပါးအထွက်နှုန်းတိုးစေရေးအတွက် ဒီဇင်ဘာလ ၁၅ ရက်နေ့မှစ၍ ခပေါင်းဆည်မှ ရေများစတင် လွှတ်ပေးလျက်ရှိပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/bago23.jpg?itok=1z2NIYjp)
တောင်ငူမြို့တွင် ယခုအပတ်အတွင်း ဗျော့ထွန်း(ဆန်သစ်) တစ်ပြည်လျှင် ၁၈၀၀ ကျပ်၊ တစ်အိတ်လျှင် ၄၀၀၀၀ ကျပ်၊ ဗျော့ထွန်း(ဆန်ဟောင်း) တစ်ပြည်လျှင် ၂၂၀၀ ကျပ်၊ တစ်အိတ်လျှင် ၅၂၀၀၀ ကျပ်၊ ဒေသပေါ်ဆန်း(ငကျွဲ) တစ်ပြည်လျှင် ၂၈၀၀ ကျပ်၊ တစ်အိတ်လျှင် ၆၇၀၀၀ ကျပ် ဈေးအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/bago22.jpg?itok=SxK0OL3Y)
တောင်ငူခရိုင် ၊ တောင်ငူမြို့နယ်တွင် ကြံစိုက်ဧက ၃၃၈၂ ဧကရှိကြောင်း သက်ဆိုင်ရာဌာန ၏ စာရင်းဇယားများအရ သိရှိရပါသဖြင့် တောင်ငူမြို့နယ်သည် စပါး၊ ပဲပြီးလျှင် ကြံကို တတိယအများဆုံး စိုက်ပျိုးသည့် မြို့နယ်ဖြစ်ပါသည်။ အချို့သော တောင်သူများမှာ ယခင်နှစ်က စိုက်ပျိုးထားသည့် လမိုင်းခင်းများ ဖြစ်ကြပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/bago21.jpg?itok=LAcUY_a9)
မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ အေးသာယာဈေး၌ မွန်ပြည်နယ်အတွင်း နေရာဒေသစုံ အသီးသီးမှထွက်ရှိသည့် ရာသီကုန်စည်များအား အဓိကကုန်စိမ်းများကိုရောင်းချလျက်ရှိရာ လက်လီ ဈေး၊ လက်ကားဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ပေါ်မှုအား တွေ့ရှိရပါသည်။ အေးသာယာဈေးသည် ညနေ(၃း၀၀)နာရီမှ (၇း၀၀)နာရီထိ ညဈေးအဖြစ်လည်း ဈေးဝယ်သူ ဈေးရောင်းသူ စည်ကားသည့် အချိန်လည်းဖြစ်ပါသည်။
ပြည်မြို့နယ်တွင် ပန်းဂေါ်ဖီစိမ်းများကို ပန်းဂေါ်ဖီ အဖြူကဲ့သို့ စက်တင်ဘာလနှင့် ဒီဇင်ဘာ လတို့တွင် စိုက်ပျိုးပြီး ဆောင်းရာသီ ရိုးရိုးပန်းဂေါ်ဖီများပေါ်ချိန်တွင် ထွက်ပေါ်ကြပါသည်။ အေး၍ ခြောက်သွေ့သောဒေသများတွင် ပန်းဂေါ်ဖီအစိမ်းကို အပင်သက်တမ်း (၁၁)လခန့်အထိ ကြာမြင့်သည်ဟု သိရှိရပါသည်။ ပန်းဂေါ်ဖီစိမ်းစိုက်ပျိုးသည့် နေရာများမှာ အောင်ဆန်းပြည်သာယာဘက်ရှိ ဥယျာဉ် ခြံမြေများတွင် စိုက်ပျိုးကြပါသည်။ သဲဆန်သော နုန်းမြေများတွင်စိုက်ပျိုးနိုင်ပြီး တစ်ဧကလျှင် မျိုးစေ့အနေဖြင့် ပေါင်ဝက်ခ
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/bago18.jpg?itok=wSYVKpW3)