![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/bago22.jpg?itok=sFyeaMW6)
တောင်ငူမြို့တွင် ယခုအပတ်အတွင်း ဗျော့ထွန်း(ဆန်သစ်) တစ်ပြည်လျှင် ၁၈၀၀ ကျပ်၊ တစ်အိတ်လျှင် ၄၀၀၀၀ ကျပ်၊ ဗျော့ထွန်း(ဆန်ဟောင်း) တစ်ပြည်လျှင် ၂၂၀၀ ကျပ်၊ တစ်အိတ်လျှင် ၅၂၀၀၀ ကျပ်၊ ဒေသပေါ်ဆန်း(ငကျွဲ) တစ်ပြည်လျှင် ၂၈၀၀ ကျပ်၊ တစ်အိတ်လျှင် ၆၇၀၀၀ ကျပ် ဈေးအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
ကြက်သွန်နီ(အဟောင်း) အသေး တစ်ပိဿာလျှင် ၃၂၀၀ ကျပ်မှ ၃၅၀၀ ကျပ်၊ အလတ် တစ်ပိဿာလျှင် ၄၂၀၀ ကျပ်မှ ၄၅၀၀ ကျပ်နှင့် အကြီးတစ်ပိဿာလျှင် ၅၀၀၀ ကျပ်၊ ကြက်သွန်နီ (အသစ်) အသေး တစ်ပိဿာလျှင် ၂၇၀၀ ကျပ်မှ ၃၀၀၀ ကျပ်အထိ၊ အလတ် တစ်ပိဿာလျှင် ၃၆၀၀ ကျပ်မှ ၄၀၀၀ ကျပ်အထိနှင့် အကြီး တစ်ပိဿာလျှင် ၄၃၀၀ ကျပ်မှ ၄၅၀၀ ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိပါသည်။
အာလူးတစ်ပိဿာလျှင် အသေး ၂၂၀၀ ကျပ်မှ ၂၅၀၀ ကျပ်အထိ၊ အလတ် ၂၆၀၀ ကျပ်မှ ၂၈၀၀ ကျပ်အထိနှင့် အကြီး ၃၂၀၀ ကျပ်မှ ၃၆၀၀ ကျပ်အထိ ရှိပြီး ကြက်သွန်ဖြူ တစ်ပိဿာ လျှင် အသေး ၃၄၀၀ ကျပ်မှ ၃၈၀၀ ကျပ်အထိ၊ အလတ် ၄၀၀၀ ကျပ်မှ ၄၂၀၀ ကျပ် အထိနှင့် အကြီး ၄၅၀၀ ကျပ်မှ ၄၈၀၀ ကျပ်အထိ ရှိကြောင်း သိရှိရပါသည်။
ချင်းတက်မှာ တစ်ပိဿာလျှင် ၂၅၀၀ ကျပ်၊ အိုင်အိုဒင်းဆား တစ်ပိဿာလျှင် ၈၀၀ ကျပ်၊ ဆားကြမ်း တစ်ပိဿာလျှင် ၄၀၀ ကျပ်နှင့် မန်ကျီးမှည့် တစ်ပိဿာလျှင် ၄၀၀၀ ကျပ်မှ ၄၂၀၀ ကျပ် အထိရှိကြောင်း တောင်ငူမြို့ရှိ ကုန်စုံဆိုင်များထံမှ သိရှိရပါသည်။
DOCA(ပဲခူး)