Main menu

ပန်းဂေါ်ဖီ ဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

         စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်း ချင်းတွင်းမြစ်ရိုး၏အရှေ့ဘက်တွင်တည်ရှိသော ညောင်ဖြူပင်၊ သစ်ဆိမ့်၊ ထနောင်းတော၊ နဂါးတွင်းကျေးရွာများသည်  ဥယျာဉ်ခြံမြေစိုက်ပျိုးခြင်းလုပ်ငန်းများကို အဓိကထားလုပ်ကိုင်လျက်ရှိပါသည်။

         တောင်သူများအနေဖြင့် ပန်းမုန်လာကို စက်တင်ဘာလနှင့် အောက်တိုဘာလဆန်းတို့တွင် ပျိုးထောင်၍ (၃၅)ရက်သားတွင် စိုက်ပျိုးကာ ရက်ပေါင်း(၉၀)ခန့်၌ ခူးဆွတ်ရကြောင်း၊ စိုက်ပျိုးရာတွင် တစ်ပင်နှင့်တစ်ပင် တစ်ပေခွဲ(သို့) နှစ်ပေခြားစိုက်ပျိုးပြီး တစ်တန်းနှင့်တစ်တန်းတွင် နှစ်ပေ (သို့) နှစ်ပေခွဲခြားပြီး စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးပြီး အပင်ဖြစ်ထွန်းသည့်အခါ ပထမအကြိမ် ဓာတ်မြေသြဇာထည့်ခြင်းကို ရွှေ့စိုက်ပြီး ၇-၁၀ ရက်အကြာ၊ ဒုတိယအကြိမ် ဓာတ်မြေသြဇာထည့်ခြင်းကို ပထမအကြိမ်ထည့်ပြီး ၁၀ ရက်အကြာ၊ တတိယအကြိမ် ဓာတ်မြေသြဇာထည့်ခြင်းကို စိုက်ပြီးတစ်လခန့်အကြာတွင် ထည့်ရန်လိုကြောင်း၊ ဆေးဖျန်း၊ ပေါင်းလိုက်၊ မြေသြဇာကျွေးပြီးတိုင်း ရေသွင်းပေးရကြောင်း၊ မြေပြုပြင်ခြင်း၊ မျိုး၊ စိုက်ပျိုးခြင်း၊ သွင်းအားစုနှင့် လုပ်သားခများအပါအဝင် (၁)ဧကစိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်မှာ ကျပ်(၈)သိန်းကုန်ကျပြီး ကျပ်(၁၅)သိန်းခန့်ပြန်လည်ရရှိ၍ အကျိုးအမြတ်အနေဖြင့် ကျပ်(၇)သိန်းခန့် ရရှိကြောင်းသိရှိရပါသည်။

     ခူးဆွတ်ပြီး ပန်းမုန်လာပွင့်များကို ယခင် နိုဝင်ဘာလ စတုတ္ထပတ်တွင်  အရွယ်အစားအလိုက် (၁)ပွင့်လျှင် ကျပ်(၉၀၀-၁၅၀၀)ဖြင့်ရောင်းချကြရပြီး ယခု ဒီဇင်ဘာစတုတ္ထပတ်တွင် ကျပ်(၅၀၀-၇၀၀)ဖြင့် ရောင်းချရကြောင်း၊ ယခင်နိုဝင်ဘာလနှင့် ယခုဒီဇင်ဘာလ ဈေးနှုန်းများကိုနှိုင်းယှဉ်လျှင် အရွယ်အစားအလိုက်(၁)ပွင့်လျှင် ကျပ်(၅၀၀)ခန့် ဈေးနှုန်းအနည်းငယ်ကျဆင်းလာကြောင်းနှင့် ပွဲစားများမှ ကျေးရွာသို့အရောက်လာပြီး ဝယ်ယူကြသည့်အပြင် မြို့ပေါ်ပွဲရုံများနှင့် ရန်ကုန်၊ မန္တလေးမြို့ကြီးများအထိပါ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)