Main menu

ဆောင်းနှင့်အတူအေးနေတဲ့ ပြည်နှမ်းဈေးကွက်

Powered by Drupal

      ပြည်ဈေးကွက် ဒီဇင်ဘာလနောက်ဆုံးပတ်တွင် နှမ်းဈေးများကျဆင်းလာခဲ့ပါသည်။ နှမ်းဈေးများ ကျဆင်းလာရခြင်းမှာ နှမ်းဝင်ရောက်မှုမရှိသလို အရောင်းအဝယ်မှာလည်း အနည်းငယ် သာဖြစ်ကြောင်း သိရှိရပါသည်။ ပြည်ခရိုင်အနေဖြင့် နှမ်းနီမှာစိုက်ဧကနည်းပြီး အထွက်နည်းသဖြင့် ဆီစက်လုပ်ငန်းရှင်များက ဆီကြိတ်ရန် သိုလှောင်ထားကြသဖြင့် ဈေးကွက်တွင် နှမ်းနီလက်ကျန် ရှားလာပါသည်။ အချို့ဆီစက်သမားများက နှမ်းနက်ကို ဆီကြိတ်ရန် ဝယ်ယူမှုရှိသဖြင့် ပြည်မြို့ အနီးတဝိုက်ကျေးရွာများတွင် နှမ်းနက်ကိုသာ စိုက်ပျိုးကြသဖြင့် ဝယ်ယူစားသုံးသူများအနေဖြင့် ကျန်းမာရေးအတွက် အထောက်အကူပြုသော သီးနှံများ ဖြစ်ပါသည်။ နှမ်းနက်နှင့် စမုံနက်နှမ်း ကို ယခင်က မန္တလေးနှင့် ရန်ကုန်ဝယ်လက်များက Export တင်ပို့ရန် အဝယ်ရှိသော်လည်း ယခု အပတ်တွင် အရောင်းအဝယ်အေးသွားကြောင်း  သိရှိရပါသည်။ ယခုနှစ်နှမ်းဈေးများမှာ ယခင်နှစ် ထက်စာလျှင် ဈေးကောင်းရပြီး၊ ယခုနှစ်မှာလည်း နှမ်းဈေးမှာ ဝယ်လိုအား များလျှင်များသလို ဈေးကောင်းပြီး ဝယ်လိုအားနည်းလျှင် ဈေးကျ၍ အတက်အကျ မမှန်သည်ကို တွေ့ရှိရပါသည်။ ယခုအပတ် နှမ်းဈေးများမှာ နှမ်းနီ (၃)တင်း တစ်အိတ်လျှင် ၂၀၀၀၀၀ကျပ်၊ နှမ်းနက် (၃)တင်း တစ်အိတ်လျှင် ၂၂၀၀၀၀ ကျပ်ဖြင့် ယခင်အပတ်ထက် (၂၀၀၀၀)ကျပ် ဈေးကျလာခဲ့ပါသည်။ စမုံနက်နှမ်း (၃)တင်း တစ်အိတ်လျှင် ၂၅၀၀၀၀ကျပ်ဖြင့် ယခင်အပတ်ထက် ၁၀၀၀၀ကျပ်ခန့် ဈေးကျ လာခဲ့ပါသည်။ နှမ်းဆီဈေးမှာ ယခင်အပတ်ကအတိုင်း တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်ဖြင့် ပြည်ဈေးကွက်တွင် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)