Main menu

ပြည်ခရိုင်အတွင်းရှိ ကြံသီးနှံ စိုက်ပျိုးထုတ်လုပ်နေမှု အခြေအနေနှင့် သကြားဈေးကွက်အခြေအနေ

Powered by Drupal

         စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ဌာနလုပ်ငန်းများနှင့်အတူ ပြည်တွင်းကုန်သွယ်မှု မြှင့်တင်ရေးလုပ်ငန်းများလည်း ဆောင်ရွက်လျက်ရှိသည့်အပြင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရေးအတွက်လည်း လုပ်ငန်းရှင်များနှင့်ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး စက်မှုကုန်ကြမ်း သီးနှံများ ပိုမိုထွက်ရှိလာနိုင်ရေး သက်ဆိုင်ရာဌာနများ၊ တောင်သူများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

          ပြည်ခရိုင်တွင်  ကြံသီးနှံကို ခရိုင်အတွင်းရှိ မြို့နယ်အားလုံးတွင် စိုက်ပျိုးလျက်ရှိရာ ပြည်မြို့ နယ်နှင့် ပေါက်ခေါင်းမြို့နယ်တို့တွင် အများဆုံးစိုက်ပျိုးဖြစ်ထွန်းလျက်ရှိပါသည်။ ယခင်နှစ်က ကြံသီးနှံကို (ခင်းသစ်)(၁၈၈၉၂)ဧက၊ (လမိုင်း) (၇၇၇၈)ဧက စုစုပေါင်း(၂၆၆၇၀)ဧက စိုက်ပျိုးခဲ့ပြီး တန်(၆)သိန်း ကျော်ထွက်ရှိခဲ့ကြောင်း သိရှိရပါသည်။

ကြံသီးနှံစိုက်ပျိုးမှုအခြေအနေ

          ကြံသီးနှံ(ခင်းသစ်) (၂၀၄၉၈)ဧက စိုက်ပျိုးပြီး တစ်ဧက ခန့်မှန်း (၂၅)တန်ထွက်ရှိလျှင် တန်ချိန် (၅)သိန်းကျော်ခန့်၊ (လမိုင်း)(၇၃၄၀)ဧက စိုက်ပျိုးပြီး အထွက်နှုန်းအနေ ဖြင့်(၁၇)တန်ခန့် ထွက်ရှိလျှင် တန်ချိန်(၁)သိန်းကျော်ခန့် စုစုပေါင်း(၂၇၈၃၈) ဧကမှ ပျှမ်းမျှအထွက်နှုန်း (၂၃)တန် ထွက်ရှိလျှင် ကြံတန်ချိန်ပေါင်း (၆၄၀၀၀၀)ကျော်ခန့် ထွက်ရှိနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။၊

တစ်ဧကစိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်နှင့် အကျိုးအမြတ်အခြေအနေ

           ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်တွင် ခင်းသစ်တစ်ဧကကုန်ကျစရိတ် ကျပ်(၁၂)သိန်းကျော် ကုန်ကျပြီး လမိုင်း တစ်ဧကလျှင် ကျပ်(၈၄၀၀၀)ကျော် ကုန်ကျပါသည်။ ခင်းသစ်အနေဖြင့် အထွက်နှုန်း(၂၅) တန်ခန့် ထွက်ရှိပါက တစ်ဧကဝင်ငွေ ကျပ်(၁၈)သိန်းကျော်ရရှိပြီး အကျိုးအမြတ်အနေဖြင့် ကျပ်(၆) သိန်းကျော် ရရှိနိုင်ပါသည်။ လမိုင်းအနေဖြင့်အထွက်နှုန်း(၁၇)တန်ခန့်ထွက်ရှိပါက တစ်ဧကဝင်ငွေ ကျပ်(၁၂)ကျော်ရရှိပြီး အကျိုးအမြတ်အနေဖြင့် ကျပ်(၄)သိန်းကျော် ရရှိနိုင်ပါသည်။

ဈေးနှုန်းနှင့်ဈေးကွက်အခြေအနေ

           ပြည်မြို့နယ်၊ နဝဒေးသကြားစက်နှင့် ပေါက်ခေါင်းမြို့နယ် အင်ငါးခွသကြားစက်မှ ကြံတစ်တန်လျှင် စက်အရောက်(၇၅၀၀၀)ကျပ် ဈေးပေးဝယ်ယူလျက်ရှိပြီး တောင်သူများအနေဖြင့် ခုတ်သိမ်းပြီးသော ကြံများကို သကြားစက်များသို့ တိုက်ရိုက်တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ အချို့ တောင်သူများအနေဖြင့် တပိုင်တနိုင် ကြံသကာချက်လုပ်၍ ကြံသကာအဖြစ်ရောင်းချခြင်း၊ ကြံ သကာပြုလုပ်သည့် ဖိုများသို့ ရောင်းချခြင်းများဖြင့် ဈေးကွက်ရရှိလျက်ရှိပါသည်။

သကြားစက်များ၏ကြိတ်ခွဲထုတ်လုပ်နိုင်မှုအခြေအနေ

       ပြည်ခရိုင်အတွင်းရှိ ပြည်မြို့နယ်တွင် နဝဒေးသကြားစက်နှင့် ပေါက်ခေါင်းမြို့နယ်တွင် အင်ငါးခွ သကြားစက် စုစုပေါင်း(၂)စက်ရှိပါသည်။ နဝဒေးသကြားစက်မှ ယခုဘဏ္ဍာနှစ်တွင် ကြံ တန်ချိန် (၂၀၀၀၀၀)ခန့် ကြိတ်ခွဲရန်လျာထားပြီး သကြားတန်ချိန်(၂၀၀၀၀)ခန့် ထုတ်လုပ်ရန် လျာထား လျက်ရှိရာမှ ယခုဒီဇင်ဘာလတတိယပတ်ထိ ကြံတန်ချိန် (၃၁၄၀၉.၇၂)ကြိတ်ပြီး၍ သကြားတန်ချိန် (၃၁၄၁)ထွက်ရှိပြီးဖြစ်ပါသည်။ အင်းငါးခွသကြားစက်အနေဖြင့် ကြံတန်ချိန် (၁၅၀၀၀၀)ခန့် ကြိတ်ခွဲ ရန်လျာထားပြီး သကြားတန်ချိန်(၁၅၀၀၀)ခန့် ထုတ်လုပ်ရန် လျာထားရာ ယခုဒီဇင်ဘာလ တတိယ ပတ်ထိ ကြံတန်ချိန် (၁၃၄၉၃.၈၅)ကြိတ်ပြီးသဖြင့် သကြားတန်ချိန် (၁၃၄၉) ထွက်ရှိပြီး ဖြစ်ပါသည်။ စက်ရုံများမှ သကြားတစ်ပိဿာလျှင် ၂၁၀၀ ကျပ်ဖြင့် ထုတ်လုပ်ရောင်းချလျက်ရှိပါသည်။

          ပြည်ဈေးကွက်တွင် ယခင်က သကြားတစ်ပိဿာလျှင် လက်လီဈေး ၂၃၀၀ ကျပ်၊ လက်ကား ဈေး (၂၂၀၀)ကျပ်ဈေးရှိပြီး ယခု ကြံရာသီခုတ်သိမ်းကာလအချိန်တွင် လက်လီဈေး၂၈၀၀ကျပ်၊ လက်ကားဈေး ၂၄၀၀ ကျပ်ထိဈေးမြင့်လာကြောင်း တွေ့ရှိရပါသည်။ သကြားဈေးကောင်းနေသောကြောင့် စက်ရုံများအနေဖြင့် ကြံစိုက်တောင်သူများအား ယခင်နှစ်ထက် ဈေးကောင်းပေးဝယ်ယူခဲ့သည့်အတွက် တောင်သူများအနေဖြင့်လည်း အကျိုးအမြတ်များ ပိုမိုရရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)