ကုန်သွယ်မှုသတင်းများ
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၌ အောက်တိုဘာလအတွင်း အဆက်မပြတ်ရွာသွန်း ခဲ့သည့် မိုးဖြင့် ဧရာဝတီမြစ်ရိုးတလျှောက်ရှိ ကိုင်းကျွန်းမြေနုများတွင် ဆောင်းသီးနှံမြေပဲများ နိုဝင်ဘာ လဆန်းမှ စတင်စိုက်ပျိုးကြပါသည်။ ယခုနှစ်တွင် ဆီထွက်သီးနှံ မြေပဲများ ဈေးကောင်းရရှိနေ၍ ဒေသခံ တောင်သူများက အားထားစိုက်ပျိုး လုပ်ကိုင်နေကြကြောင်း၊ဆိပ်ဖြူမြို့နယ်၊ ရွာသစ်ရပ်ကွက်ရှိ ဒေသခံတောင်သူများထံမှ သိရှိရပါသည်။
လူသားတို့သည် စား၊ ဝတ်၊ နေရေးအတွက် အလုပ်အကိုင်များလုပ်ကိုင်ကြရာတွင် ကာယအား၊ ဉာဏအားဖြင့် ရုန်းကန်လှုပ်ရှားရင်း သမ္မာအာဇီဝလုပ်ငန်းဖြစ်သည့် အဟောင်းပစ္စည်း ရောင်းဝယ်သည့် လုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သဖြင့် စွန့်ပစ်ပစ္စည်း(သို့မဟုတ်) အဟောင်းပစ္စည်း ရောင်းဝယ်သည့် လုပ်ငန်းရှင်နှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးသည် ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူနှင့် ရွှေဘိုခရိုင်တို့တွင် စပါး/ ဆန်ဈေးနှုန်းများ ဈေးအေးနေပြီး၊ မုံရွာခရိုင်တွင် ဧရာမင်း ဆန်ဈေး အနည်းငယ် ကျဆင်းနေပါသည်။
မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း/ သိုလှောင်/ ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ စက်သုံးဆီ ရည်ညွှန်းစျေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျှက်ရှိပါသည်။
မကွေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ ဆီအိုးကြီးဟု တင်စားရလောက်အောင် ဆီထွက်သီးနှံဖြစ်သော နှမ်း၊ မြေပဲတို့အား အဓိကထားစိုက်ပျိုးကြသော်လည်း စပါးမှာ ဆည်ရေရရှိသည့် ဧရာဝတီမြစ် အနောက်ဘက်ကမ်းမြို့များ၊ တောင်တွင်း၊ မြို့သစ်နှင့် နတ်မောက်တို့တွင်သာ စိုက်ပျိုးကြသည့်အတွက် ဆန်ဖူလုံမှုမရှိ၍ အခြားတိုင်းဒေသကြီး/ ပြည်နယ်များမှ တင်သွင်းပြီး စားသုံးရသည့်တိုင်းတစ်တိုင်းဖြစ်ပါသည်။