ကုန်သွယ်မှုသတင်းများ
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၊ ကိုးဆူကျေးရွာ၌ တောင်သူဦးစံသိန်း စိုက်ပျိုးထားသည့် ဆီးပန်းသီးခြံ(၅)ဧကမှ ဆီးပန်းသီးများ စတင်ခူးဆွတ်ရောင်းချနေရကြောင်း သိရှိရပါသည်။
စစ်တွေမြို့ ဈေးကွက်အတွင်းရောင်းချလျှက်ရှိသော အာလူး၊ မုန်လာဥနီ၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်း၊ ခရမ်းသီးများမှာ ပြည်မဘက်မှ ဝင်ရောက်ပြီး အရောင်းအဝယ်ဖြစ်ပေါ်လျှက်ရှိပါသည်။
ပြည်ထောင်စုနယ်မြေ၊ စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီး မှူးရုံးနှင့် Diamond Dragon Companyတို့ ပူးပေါင်း၍ သက်သာသောဈေးနှုန်းဖြင့် စားသုံးသူ ပြည်သူများထံသို့ ဘူးသွင်းပြီး စားအုန်းဆီများကို ရောင်းချပေးလျက်ရှိရာ ( ၉-၁၂-၂၀၂၂ )ရက်နေ့တွင် ပုဗ္ဗသီရိမြို့နယ်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်နှင့် ပျဥ်းမနားမြို့နယ်၊ ဆင်သေဈေးတို့တွင် တစ်ပိဿာလျှင် ( ၅၃၀၀ )ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် တစ်ပိဿာနှုန်း ပြည်သူများ လက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါသည်။
ကျောက်ဆည်ခရိုင်အတွင်းရှိ ကျေးလက်ဒေသများတွင် ရာသီချိန်သီးနှံအဖြစ် ပဲမြစ်များကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိရာ ကျေးရွာများရှိတောင်သူများသည် ပဲမြစ်ကို နှစ်စဉ် အဆက်မပြတ် အဆက်ဆက်စိုက်ပျိုးလာကြကြောင်း တွေ့ရှိရပါသည်။ ၄င်းဒေသမှ စိုက်ပျိုးထွက်ရှိသောပဲမြစ်များသည် အခြားဒေသများမှ ထွက်ရှိသောပဲမြစ်များထက် အရွယ်အစားသေးငယ်သော်လည်း အရသာမှာစိမ့်ပြီး စေးပိုင်နေသောကြောင့် ဆောင်းရာသီပဲမြစ်ပေါ်ချိန်တွင် ကျောက်ဆည်ခရိုင်အတွင်းရှိ ဒေသထွက်ပဲမြစ်များမှာ လူသိထင်ရှားကာ စားသုံးသူများအဝယ်မျာ
နှမ်းကို ရှေးယခင်ကတည်းက မြန်မာနိုင်ငံအပူပိုင်းဒေသတွင် ဆီထွက်သီးနှံအဖြစ် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလျက်ရှိပါသည်။ ကျောက်ဆည်မြို့နယ်တွင် နှမ်းကို မတ်လနှင့်ဧပြီလများတွင် စတင်စိုက်ပျိုးပြီး မျိူးအနေဖြင့် နှမ်းဖြူ၊ နှမ်းနက်( ရိုးရိုး )၊ နှမ်းနက်( စမုံ )နှင့် နှမ်းညိုမျိုးများကို အများဆုံးစိုက်ပျိုးကြပါသည်။ စိုက်ပျိုးပြီး ဇူလိုင်နှင့်သြဂုတ်လများတွင် စတင်ရိတ်သိမ်း၍ နှမ်းစတင်ထွက်ပေါ် ချိန်တွင် နှမ်းဖြူတစ်တင်းလျှင် ( ၆၅၀၀၀/- )ကျပ် ၊ နှမ်းညိုတစ်တင်းလျှင်( ၅၃၀၀၀/- )ကျပ်၊ နှမ်း