Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
29 Nov 2022

         မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းရှိ ယာမြေများ၌ စက်တင်ဘာလတွင် ရွာသွန်းသောမိုးရေကြောင့် အောက်တိုဘာလဆန်းတွင် ယာမြေများ၌ ကုလားပဲကို မိုးရေအစိုဓါတ်ဖြင့် စတင်စိုက်ပျိုးပါသည်။ အချို့မှာ မိုးရေအစိုဓါတ်အပြင်ရေစက်များဖြင့် ရေတင်၍ စိုက်ပျိုးကြကြောင်း၊ ရေဖြင့်ထပ်မံတင်၍ စိုက်ပျိုးသောယာမြေများသည် မိုးရေဖြင့်စိုက်ပျိုးသော ယာမြေများထက် ပို၍ကောင်းမွန်ပြီး အထွက်နှုန်းပိုမိုကောင်းမွန်ကြောင်း တောင်သူများထံမှသိရှိရပါသည် ။ တောင်သူများသည် ကုလားပဲမျိုးကို မိမိ၏အိမ်တွင်သေချာစွာ

29 Nov 2022

       ၂၀၂၂ ခုနှစ် နိုဝင်ဘာလ စတုတ္ထပတ်အတွင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ အခြေခံစားသောက်ကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းမွှေး(သိင်္ဂီ) တစ်ပြည် ၄၅၀၀ကျပ်၊ ဧည့်မထဆန် တစ်ပြည် ၂၃၀၀ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ စားဖိုဆောင်စားသောက်ကုန်များအနေဖြင့် ကြက်သွန်နီ တစ်ပိဿာ ၅၀၀၀ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာ ၆၀၀၀ကျပ်၊ (ရှမ်းစ)တစ်ပိဿာ ၆၀၀၀ကျပ်၊ ငရုတ်သီးခြောက် (ရှည်)တစ်ပိဿာ ၂၀၀၀၀ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ ၂၈၀၀ကျပ်၊ အာလူး တစ်ပိဿာ ၃၀၀၀ကျပ်၊ မန်ကျည်းသီးမှည့် တစ်ပိဿာ ၄၀၀၀

29 Nov 2022

       ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ဈေးကွက်တွင် နိုဝင်ဘာလ စတုတ္ထပတ်၌ ဓာတ်မြေဩဇာ ဈေးနှုန်းများမှာ ပုလဲ(MEP) (50)kg တစ်အိတ်လျှင်(၉၇၀၀၀)ကျပ်၊ တီဆူပါ(လေဆာ) (50)kg တစ်အိတ်လျှင်(၁၉၀၀၀)ကျပ်၊ ယူရီယား(မြင်းပျံ) (50)kg တစ်အိတ်လျှင် (၈၇၀၀၀)ကျပ်၊ တီဆူပါ (may) (50)kg တစ်အိတ်လျှင် (၁၉၀၀၀)ကျပ်၊ ချာန(သုံးမျိုးစပ်) (50)kg တစ်အိတ်လျှင် (၁၄၂၀၀၀)ကျပ် ဖြစ်ပါသည်။ တာချီလိတ်မြို့အတွင်းရှိ ဓာတ်မြေဩဇာ ဈေးနှုန်း များမှာ ပုလဲ(၄၆%) (50)kg တစ်အိတ်လျှင် (၁၃၂၅၀၀)ကျပ်၊ ကွန်ပေါင်း(၁၅ပတ်လည်) တစ

29 Nov 2022

       မကွေးမြို့ ကန်သာစျေးရှိ သစ်သီးဝလံများမှာ ရှမ်းပြည်နယ် တောင်ကြီး၊ သီပေါ၊  စစ်ကိုင်း၊ ကျောက်ဆည်၊ ပြင်ဦးလွင်ဒေသတို့မှ အသီးသီးဝင်ရောက်လျက်ရှိကြောင်း သိရပါသည်။

29 Nov 2022

          ၂၀၂၂-ခုနှစ် နိုဝင်ဘာလနောက်ဆုံးပတ် ကသာမြို့နယ်၊ သီရိခေမာဈေးအတွင်း ရောင်းချလျက် ရှိသော အခြေခံစားသောက်ကုန်ပစ္စည်းများမှာ ဧရာမင်းဆန်တစ်ပြည်(၂၂၀၀)ကျပ်၊ မှော်ဘီဆန် တစ်ပြည် (၁၉၀၀)ကျပ်နှင့် ချင်း-၃ဆန်တစ်ပြည် (၁၇၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး စားသုံးဆီ ဈေးနှုန်းမှာ မြေပဲ ဆီတစ်ပိဿာ (၁၂၀၀၀)ကျပ်နှင့် စားအုန်းဆီတစ်ပိဿာ(၇၇၀၀)ကျပ်  ရှိကြောင်းသိရသည်။

Pages