Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
29 Nov 2022

        စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ ဈေးကွက်တွင် ချင်းတောင်မှ ထွက်ရှိသည့် ဂေါ်ဖီထုပ်၊ ဂေါ်ရခါးသီး၊ အိန္ဒိယမုန်ညှင်း၊ ခါကြက်ဥ၊ ရွှေပဲသီး၊ အညှာမီးဖုတ် ( ခေါ် ) တောင်ပေါ် ခရမ်းအချဉ်သီး၊ မုန်ညှင်းခါး၊ ကြက်သွန်ဖြူနှင့် ကြက်သွန်နီများ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး  ဈေးနှုန်း/ဈေးကွက်များအား ဒေါ်မိငယ် ကုန်စိမ်းပွဲရုံထံမှ မေးမြန်းသိရှိရပါသည်။

29 Nov 2022

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ် လက်ကားကုန်စည်ဒိုင်တွင် ကြက်သွန်နီ စိုက်ပျိုးရာဒေသ နေရာအနှံ့အပြားနှင့် ဆင်ဖြူကျွန်း၊ စလင်း၊ ပေါက်ဒေသများမှ ဆောင်းစိုက်၊ ပင်စိုက်များ နေ့စဉ်အရောင်းအဝယ်ဖြစ်နေပါသည်။ နိုဝင်ဘာလ(တတိယ)ပတ်အတွင်း ကြက်သွန်နီ လက်ကားကုန်စည်ဒိုင်ပြတ်ဈေးမှာ အမြင့်ဆုံးဈေး(၁)ပိဿာ ထိပ်စ ကျပ်(၃၆၅၀)၊ အလတ်စ ကျပ် (၃၄၀၀)၊ အနိမ့်စကျပ်(၃၀၀၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ပြီး ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကြက်သွန်နီ(၁)ပိဿာ ပျမ်းမျှကျပ်(၁၀၀)ခန့် ဈေးနှုန်းကျဆင်

29 Nov 2022

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှ ဝန်ထမ်းများသည် ဆင်ဖြူကျွန်းမြို့ သရက်ချဉ်ကျေးရွာရှိ မိုးနှောင်းကြက်သွန်နီ အပင်စိုက် စိုက်ပျိုးလျက်ရှိသော တောင်သူ ဦးမောင်မောင်လွင်နှင့် တွေ့ဆုံ၍ ကြက်သွန်နီ စိုက်ပျိုးမှု အခြေအနေများ မေးမြန်းဆွေးနွေးခဲ့ရာ ၎င်းအနေဖြင့် ယခုနှစ်တွင် (၁၈)ဧကခန့် စိုက်ပျိုးထားရှိပါကြောင်း၊ ဇူလိုင်လတွင် ပျိုးထောင်၍ စက်တင်ဘာလတွင် အပြီးစိုက်ပျိုးခဲ့ရာ ယခုအချိန်တွင် (၇၅)ရက် ခန့်ရှိပြီး ဒီဇင်ဘာလလယ

29 Nov 2022

ပခုက္ကူမြို့တွင် ပဲမျိုးစုံနှင့်နှမ်းသီးနှံများ အရောင်းအဝယ်ဖြစ်လျက်ရှိရာ နိုဝင်ဘာလ (၁၆)ရက် မှ (၂၃)ရက်အတွင်း ဖြစ်ပေါ်ခဲ့သော ပဲဈေးနှုန်းများမှာ ပဲမာနီ(တင်း) ကျပ် ၅၇၀၀၀၊ ကုလားပဲဝါ(929) (တင်း) ကျပ် ၆၀၅၀၀၊ ကုလားပဲ(V6) (တင်း) ကျပ် ၆၄၀၀၀ မှ ၆၅၀၀၀၊ ကုလားပဲ(HL) (တင်း) ကျပ် ၅၉၀၀၀၊ ပဲတီစိမ်းကြီး (တင်း) ကျပ် ၄၅၀၀၀၊ ပဲတီစိမ်းသေး (တင်း) ကျပ် ၃၈၀၀၀ - ၄၅၀၀၀၊ စွန်တာနီ ကျွန်း (တင်း) ကျပ် ၄၄၂၀၀ - ၄၄၅၀၀၊ ပဲဇီးကွက် (တင်း) ကျပ် ၄၅၀၀၀၊ ကျွန်းထောဖြူ (တင်း) ကျပ် ၄၅၅၀၀ - ၄၈၀၀၀၊ ပဲလွန်းပြာ (တင်း) ကျပ် ၄၃၀၀၀၊ မ

29 Nov 2022

      စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်း ချင်းတွင်းမြစ်ရိုးအရှေ့ဖက်တွင်တည်ရှိသော ညောင်ဖြူပင်၊ သစ်ဆိမ့်၊ ထနောင်းတော၊ နဂါးတွင်းကျေးရွာများတွင် အနည်းငယ်စိုက်ပျိုးပြီး ဈေးကွက်အတွင်း လိုအပ်သောဂေါ်ဖီထုပ်များကို ရှမ်းပြည်နယ်မှ  မှာယူရောင်းချကြပါသည်။ ဂေါ်ဖီထုပ် ဈေးနှုန်းမှာ နိုဝင်ဘာလအတွင်း ဂေါ်ဖီထုပ်တစ်ထုပ်လျှင် အကြီး (၁၀၀၀) ကျပ်၊ အသေး(၇၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါ အောက်တိုဘာလတွင် ဂေါ်ဖီတစ်ထုပ်လျှင် အကြီး (၈၅၀) ကျပ် ၊ အသေး (၆၀၀) ကျပ် ဈေးရှိခဲ့ပြီး အ

Pages