ကုန်သွယ်မှုသတင်းများ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း၊ အစုအဖွဲ့နှင့် ကုန်စည်ဒိုင်များဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပြီးအသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များ ပိုမိုခိုင်မာအားကောင်းလာစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ကုန်စည်ဒိုင်များ၏သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန်
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၁၆၆.jpg?itok=pealt9kH)
ထောပတ်ပင်များသည် နှစ်ရှည်သီးနှံပြီးအချိန်(၃)နှစ်မှစ၍ အသီးသီးပါသည်။ ထောပတ်သီး သည် အောက်တိုဘာလတွင်အသီးများ စတင်ထွက်ရှိပြီး ဇန်နဝါရီလလယ် တွင်အသီးကုန်ပါသည်။ ကယားပြည်နယ် ဈေးကွက်အတွင်း ရောင်းချနေသောထောပတ်သီးကို ရှမ်းပြည်နယ် (တောင်ပိုင်း၊ မြောက်ပိုင်း) တောင်ကြီး၊ ဟိုပုံ၊ ညောင်ရွှေ၊ ဆီဆိုင်၊ ကလော၊ ပင်းတယ၊ ရွာငံ၊ ရပ်စောက်၊ ပင်လောင်၊ လားရှိုး၊ ကွက်ခိုင်၊ ကျောက်မဲ၊ သီပေါ၊ နောင်ချိုစသည့်ဒေသများမှ မှာယူတင်သွင်း ကြပါသည်။ ယခုနိုဝင်ဘာလအတွင်း ဖြစ်ပေါ်နေသော ထောပတ်သီးဈေးနှုန်းမှာ ထောပတ်သီး အလုံးသေးတစ်လ
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/28.9.jpg?itok=nngbEoOn)
ကယားပြည်နယ်အတွင်း အခြေခံစားကုန်ဖြစ်သော ကြက်ဥကို ပြည်နယ်အတွင်း၌ ကြက်ခြံများရှိသော် လည်း စားသုံးသူပြည်သူတို့၏ လိုအပ်ချက်အရ အခြားမြို့များဖြစ်သော ရှမ်းပြည်နယ်ဘက်ကအများ ဆုံးတင်သွင်းကြပြီး၊ ယခု နိုဝင်ဘာလတတိယပတ်တွင် ဈေးကွက်အတွင်း၌ဖြစ်ပေါ်နေသော ဈေးနှုန်းများ အရ ကြက်ဥ/ဘဲဥ ဈေးနှုန်းမှာယခင်ကထက် ပိုမိုမြင့်တက်လာသည်ကို တွေ့ရှိရပါသည်။
ကယားပြည်နယ်အတွင်း ကုန်စည်စီးဆင်းမှုပုံမှန်လည်ပတ်အသက်ဝင်လာရာတွင် ဘိလပ်မြေများ၊ လယ်ယာသီးနှံစိုက်ပျိုးရေးအသုံးပြု ဓာတ်မြေဩဇာများ ပြည်နယ်အတွင်းသို့ တင်သွင်းလျှက်ရှိကြောင်း၊ အခြားစားသောက်ကုန်များ၊ လူသုံးကုန်များအနေဖြင့် နိုဝင်ဘာလဒုတိယပတ်ကုန်စည်စီးဝင်မှုမှာ ကုန်စုံ ကား(၂၃)စီး၊ဘိလပ်မြေ(၇၉၅၀)အိတ်၊ ကြက်ဥ (၇၇၉၅)ကဒ်၊ အချိုရည်(၈)စီးတို့ဝင်လျက်ရှိပါကြောင်း၊ နိုဝင်ဘာလ တတိယပတ် ကုန်ပစ္စည်းအဝင်ကားများ အနေဖြင့် ကုန်စုံကား (၃၁) စီး၊ ကြက်ဥ (၁၈၂၆၀) ကဒ်၊ အချိုရည်ကား(၈)စီး၊ ဘိလပ်မြေ (၁၃၂၀) အိတ်၊ မြေဩဇာ(၁၉၀)အိတ
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/28.6.jpg?itok=Gyhj6EyC)
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ လဲဘူးကျေးရွာအုပ်စု၊ ရွှေဥဩကျေးရွာတွင် ကျွဲခေါင်းသီးစိုက်ပျိုးသူများ ဝင်ငွေကောင်းလျက်ရှိကြောင်းသိရှိရပါသည်။ ရေနက်ကွင်းများရှိ ချောင်းရိုးများ၊ ကန်များ၊ အင်းများတွင် စိုက်ပျိုးထားကြပါသည်။ ကျွဲခေါင်းသီးပင်များကို ကဆုန်လ၊ နယုန်လများတွင် စတင်စိုက်ပျိုးကြပါသည်။ တစ်ဧကစိုက်ပျိုးရန် ပျိုးပင်ထုပ် ပီနံအိတ် ၆ အိတ် လိုအပ်ပါသည်။ နုန်းတင်မြေများတွင် ပိုမိုဖြစ်ထွန်းကြောင်း သိရှိရပါသည်။ ပျိုးပင်ပေါက်တစ်အိတ်လျှင် ၈၀၀၀ ကျပ်ခန့် ဝယ်ယူရပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၁၆၂.jpg?itok=k-aCv_yu)