Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
04 Aug 2022

             ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် မိုးစပါးစိုက်ဧက ၈၉၁၈၄ ဧက ရှိပါသည်။ လက်ရှိမိုးစပါးဈေးနှုန်းမှာ တင်း ၁၀၀ လျှင် ၁၁၀၀၀၀၀ ကျပ်ရှိပြီး ယခင်နှစ် အလားတူကာလတွင် စပါးတင်း ၁၀၀ လျှင် ၆၈၀၀၀၀ ကျပ်ရှိခဲ့သဖြင့် ယခုနှစ်တွင် ဈေးကောင်း ရရှိသည်ဟု ဆိုရမည်ဖြစ်ပါသည်။ သို့သော် ယခုနှစ် စိုက်ပျိုးရာသီတွင် သွင်းအားစုဈေးနှုန်းများ မြင့်တက်ခြင်း၊ စိုက်ပျိုးစရိတ်နှင့် လုပ်သားခများမြင့်တက်ခြင်း၊ သယ်ယူပို့ဆောင်ခ မြင့်တက်ခြင်းများ ဖြစ်ပေါ်နေပါသည်။

04 Aug 2022

              စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ဈေးကွက်တွင် ချင်းတောင်မှ ထွက်ရှိသည့် ကြက်သွန်နီ၊ အာလူး၊ ပန်းမုန်လာ၊ ဂေါ်ရခါးသီးများနှင့် ခရမ်းချဉ်သီးများ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  သိရှိရပါသည်။

04 Aug 2022

             မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏ လမ်းညွှန်ချက်ဖြင့် စားအုန်းဆီများကိုသက်သာသောဈေးနှုန်းဖြင့် စားသုံးသူပြည်သူများ ဝယ်ယူစားသုံးနိုင်ရန်အတွက် နေပြည်တော် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဝန်ထမ်းများပူးပေါင်း၍ ဈေးကားများဖြင့်လှည့်လည်ရောင်းချပေးလျက်ရှိရာ ယနေ့ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂ ရက်နေ့မှာတော့ ဆီလုပ်ငန်းရှင် ဦးခင်မောင်ဝင်းနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်စောမာလာနွယ်တို့ဦးဆောင်၍ ဇေယျာသီရ

03 Aug 2022

            နေပြည်တော်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းနှင့် စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဝန်ထမ်းများဦးဆောင်၍ စားသုံးသူပြည်သူများ လက်ဝယ်အရောက် ဈေးကားများဖြင့် စားအုန်းဆီများကို သက်သာသောဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချလျက်ရှိ ပါတယ်။

03 Aug 2022

          မ‌ကွေးတိုင်းဒေသကြီး၊ အောင်လံမြို့ပေါ်ရပ်ကွက်၊ ( ၉ )ရပ်ကွက်အတွင်းရှိ ပြည်သူများအား သက်သာသော ဈေးနှုန်းဖြင့် စားသုံးဆီဝယ်ယူသုံးစွဲနိုင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် အောင်လံခရိုင်ဆီလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍ လူတစ်ဦး လျှင် စားအုန်းဆီ(၁)ပိဿာ (၄၀၀ဝိ/-)နှုန်းဖြင့် ဇူလိုင်လ(၃၀)ရက်နှင့် (၃၁)ရက်နေ့များတွင် မော်တော်ယာဉ်(၂)စီးဖြင့် လှည့်လည်ရောင်းချခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

Pages