Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
05 Aug 2022

            ကယားပြည်နယ်တွင် ဆန်စပါး၊ ပြောင်းကို အဓိကစိုက်ပျိုးပြီး အခြားသီးနှံများကိုလည်း သီးထပ်၊သီးညှပ်အဖြစ် စိုက်ပျိုးကြ၍ စိုက်ပျိုးရေးကိုသာ အဓိကလုပ်ကိုင်သော ပြည်နယ်ဖြစ်ပြီး   စိုက်ပျိုးရေးအတွက် လိုအပ်သောသွင်းအားစုများကို အခြားဒေသများမှ တင်သွင်းလျက်ရှိရာ ယခု ဩဂုတ်လပထမပတ်အတွင်း  ဈေးကွက်အတွင်းဖြစ်ပေါ်နေသော  ဓာတ်မြေဩဇာ နှင့် ပိုးသတ်ဆေး ဈေးနှုန်းများမှာ ဓာတ်မြေဩဇာ ပုလဲ တစ်အိတ်လျှင် (၉၄၀၀၀) ကျပ်၊မြှားတံဆိပ် ကွန်ပေါင်း တစ်အိတ်လျှင် (၇၂၀၀၀)ကျပ်၊ ပိုတက်တစ်အိတ်လျှင် (၉၅၀၀၀)ကျပ်၊ က

05 Aug 2022

         စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ စားသုံး/ ထုတ်လုံတာဝန်ခံ ဦးမင်းဇော်နှင့် မြို့နယ်တာဝန်ခံ ဦးမြင့်သူတို့သည် တောင်ငူမြို့နယ်ရှိ စက်သုံးဆီ အရောင်းဆိုင်များအား ဈေးနှုန်းအတက်အကျကို အခါအားလျော်စွာ ကွင်းဆင်းလေ့လာခဲ့ပါသည်။

05 Aug 2022

          ပြည်မြို့ရှိ ဈေးကွက်များတွင် ဇူလိုင်လ တတိယပတ်လလောက်မှ စ၍ နဂါးမောက်သီးများ လှိုင်လှိုင်ပေါ်နေပြီး အရောင်းအဝယ်လည်းဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။ ပြည်မြို့အနီးအနားရှိ ကျေးရွာများမှ တပိုင်တနိုင်စိုက်ပျိုးထားသောကြောင့် နဂါးမောက်သီးများ အများအပြား ဝင်ရောက်လျက်ရှိပြီး ဈေးကောင်းလည်းရရှိကြောင်း သိရှိရပါသည်။  နဂါးမောက်သီး အလုံး အချော အသေးပေါ်မူတည်၍ ဈေးနှုန်းများကွာခြားကြောင်း သိရပါသည်။ နဂါးမောက်သီး အလုံးချော တစ်လုံးလျှင် ၇၀၀ကျပ် မှ ၅၀၀ကျပ်အထိရှိပြီး နဂါးမောက်သီးအလတ်ဆိုဒ် (

05 Aug 2022

          ဟော်လန်ပန်းများစိုက်ပျိုးရာတွင် ပန်းမျိုးဥများအားဝယ်ယူစိုက်ပျိုးရသည်။ မျိုး(၃)ပြည် လျှင် (၇၅၀၀)ကျပ်နှုန်းဖြစ်ပြီး ပန်းမျိုးဥ တစ်ပြည်လျှင် ၅ပေအကွာ မြောင်းအရှည် ၈/၉ပေရှိ မြောင်း (၆)မြောင်း ရရှိပါသည်။ ကုန်ကျစရိတ်မှာ ပန်းမျိုးဥအပေါ် စိုက်ပျိုးမှုကို အခြေခံပြီး တွက်ချက်ရပါသည်။ မျိုးဥများအားစိုက်ပျိုးရာတွင် မြေကြီးအတွင်း(၄)လအကြာတွင် မြေပေါ်သို့ အတက်ကလေးများစတင်ထွက်ရှိလာပြီးနောက် (၄)လအကြာတွင် ပန်းများစတင် ထွက်ပေါ်လာ ပါသည်။ ဟော်လန်ပန်းစိုက်ပျိုးရာဒေသများမှာ ပြည်မြို့နယ်အတ

05 Aug 2022

          ပြည်ချင်းပွဲရုံများသို့ အောင်ပန်းချင်းတက် အခက်ကြီးများ အဝင်ပုံမှန်ရှိနေ သည်ဟု သိရှိရပါသည်။ အရောင်းအဝယ်အနေဖြင့် ဒေသတွင်းရောင်းဝယ်ရေးသမားများနှင့် လက်လီဈေး ရောင်းချသူများ အဝယ်ရှိနေပြီး ဈေးနှုန်းမှာ ယခင်အပတ်ဈေးအတိုင်း ဈေးငြိမ်ပြီး ရောင်းဝယ်လျှက်ရှိနေပါသည်။ ဇူလိုင်လနောက်ဆုံးပတ်တွင် ချင်းတစ်ပိဿာ (ပွဲရုံဈေး) ၉၀၀/၁၀၀၀ကျပ် အိတ်စွဲဈေး ဖြစ်ပြီး ချင်းသန့် လက်ကားဈေးတစ်ပိဿာလျှင် ၁၄၀၀ကျပ်ဈေးတို့ဖြင့် ရောင်းချနေသည်ကို တွေ့ရှိရပါသည်။ လက်လီဈေးများတွင် တစ်ပိဿာ(ချင်းသန့်) ၂၀၀၀ကျပ်ဈေးတို့ဖြင့် ရောင်းချ

Pages