ကုန်သွယ်မှုသတင်းများ
စစ်ကိုင်းတိုင်းဒေသကြီးတွင် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းအရ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် စွန်တာနီ/ပြာစိုက်ဧက (၂၃၁၈၈၀)ဧက စိုက်ပျိုးခဲ့ပြီး ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ်တွင် စွန်တာနီ (ဆောင်း)စိုက်ဧက(၉၃၂၁)၊ စွန်တာပြာ(မိုး)စိုက်ဧက(၈၁၅၉၆)နှင့် စွန်တာပြာ(ဆောင်း)စိုက်ဧက (၁၄၁၄၉၃)၊ စုစုပေါင်းစိုက်ဧက(၂၃၂၄၁၀) ဧက စိုက်ပျိုးကြောင်း၊ ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် စိုက်ဧက (၅၃၀)ဧက ပိုမို စိုက်ပျိုးပါကြောင်း၊ တစ်ဧက စိုက်ပျိုး ထုတ်လုပ်မှုကုန်ကျစရိတ်မှာ (၁၄၂၅၀၀)ခန့် ကုန်ကျပါကြောင်း၊ ပေါက်ဈ
မေလအတွင်း စိုက်ပျိုးခဲ့သော မိုးနှမ်းများမှာ ယခုအခါ လှိုင်လှိုင်ရိတ်သိမ်းနေပြီဖြစ်ကြောင်း သိ ရသည်။ နှမ်းသီးနှံကို မိုး/ဆောင်း/နွေဟူ၍ (၃)သီးစိုက်ပျိုးနိုင်သော်လည်း မိတ္ထီလာခရိုင်အနေနှင့် ဒေသရာသီဥတုနှင့် ကိုက်ညီသည့် မိုးနှမ်းကိုသာ အစိုက်များကြသည်။ ဒေသတွင်းစိုက်ပျိုးရာ၌လည်း သဘာဝဓာတ်မြေဩဇာဖြစ်သည့် နွားချေးကိုသာ အသုံးပြုကြပါသည်။ ထယ်/ထွန်ခြင်းနှင့် ပေါင်း လိုက်ရာတွင် လုပ်သားကုန်ကျစရိတ်များရှိသော်လည်း မိရိုးဖလာဖြစ်၍ မိသားစုလုပ်အားများပါ ပူးပေါင်းစိုက်ပျိုးခြင်းကြောင့် စိ
စစ်ကိုင်းတိုင်းဒေသကြီးသည် ဩဂုတ်လ(ပထမ)ပတ်၌ စပါး/ဆန်ဈေးနှုန်းများမှာ ဆန်ပိုဒေသ များဖြစ်သော ရွှေဘိုခရိုင်၊ ကသာခရိုင်၊ ကန့်ဘလူခရိုင်နှင့် မုံရွာခရိုင်တို့တွင် စပါး/ဆန်ဈေး အနည်းငယ် ဈေးတတ်နေပြီး၊ ကလေးခရိုင်တွင် ဈေးအေးနေပါသည်။
နေပြည်တော် ဩဂုတ် ၇
မိတ္ထီလာခရိုင်အတွင်း ကြက်သွန်နီဈေးငြိမ်နေပြီး နယ်ဝေးတင်ပို့ရာ၌လည်း ရန်ကုန်ဈေး အေး သောကြောင့် နည်းသွားကြောင်း သိရသည်။ ဇူလိုင်လနောက်ဆုံးပတ်အတွင်း ရန်ကုန်သို့(၁၂)ဘီး ကား (၃)စီး ကုန်ချိန်(၅၁)တန်ကို ကုန်တင်ခ တစ်ပိဿာလျှင် (၁၀၀)ဖြင့် ပဲခူးသို့(၆)ဘီးကား (၁၂)စီး၊ ကုန်ချိန်(၁၀၂)တန်ကို ကုန်တင်ခ တစ်ပိဿာ(၉၀)ဖြင့် တင်ပို့ခဲ့ကြောင်းသိရသည်။ ကြက်သွန်နီဈေး မှာ လက္ကားဈေး တစ်ပိဿာလျှင် ၁၅၀၀ ကျပ်ဖြင့် ဈေးငြိမ်နေကြောင်း သိရသည်။
DOCA(မန္တလေး)