ကုန်သွယ်မှုသတင်းများ
ဟုမ္မလင်းမြို့နယ်သည် စိုက်ပျိုးရေးကို အဓိကထား ဆောင်ရွက်သော မြို့တစ်မြို့ ဖြစ်ပါသည်။ ယခုအချိန်သည် မိုးစပါးစိုက်ပျိုးသော ရာသီဖြစ်သောကြောင့် မိုးစပါးစိုက်ပျိုးပြီးမှုအနေဖြင့် ( ၄၃၇၉၅ ) ဧက စိုက်ပျိုးထားရှိပြီး စိုက်ပျိုးရန်ကျန်ရှိသည့် စပါးများကိုလည်း ဆက်လက် စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။
ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ဩဂုတ်လ စတုတ္ထပတ်တွင် စပါး /ဆန်ဈေးနှုန်းမှာ တည်ငြိမ်နေပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဩဂုတ်လ တတိယပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၅၆၀၀၀ ၊ မန္တလေးသို့ အိတ်ရေ၄၆၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၂၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၁၀၀၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၁၀၀၀၀၊ ပခုက္ကူသို့ အိတ်ရေ ၁၀၀၀၊ စုစုပေါင်းအိတ်ရေ ၁၃၅၀၀၀၊ တန်အားဖြင့် ၆၇၅၀တန် စီးထွက် ခဲ့ပါသည်။ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြား တိုင်းဒေသကြီးများသို့ ဆန်စီးထ
ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်အနေဖြင့် ငရုတ်သီးခြောက် အရှည်များ ဈေးနှုန်း မြင့်တက် လျှက်ရှိပါသည်။ ယခင်က ငရုတ်သီးခြောက်တစ်ပိဿာလျှင် ၇၀၀၀-၈၀၀၀ကျပ်သာရှိခဲ့ပြီး ဇူလိုင်လ တတိယပတ်မှစ၍ ဈေးနှုန်းတဖြည်းဖြည်းမြင့်တက်လာခဲ့ပါသည်။ ဩဂုတ်လပထမပတ်တွင် ငရုတ်သီး ခြောက်ဈေးနှုန်းများမှာ တစ်ပိဿာလျှင် ၁၈၀၀၀-၂၀၀၀၀ကျပ်အထိ ဈေးမြင့်တက်ခဲ့ပြီး၊ ယခု ဩဂုတ်လတတိယပတ်တွင် ငရုတ်သီးခြောက် တစ်ပိဿာလျှင် ၂၃၀၀၀-၂၄၀၀၀ ကျပ်အထိ ဈေးဆက်လက်တက်လာခဲ့သဖြင့် တစ်ပိဿာလျှင် ၄၀၀၀-၅၀၀၀ကျပ် အထိဈေးမြင့်တက် လာခဲ့ပါ သည်။ ငရုတ်သီးခြောက် ဈေးနှ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ မြို့နယ်တာဝန်ခံဦးအောင်မိုးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၂၂.၈.၂၀၂၂) ရက်နေ့ နံနက်(၁၁:၃၀)နာရီအချိန်က ဝါးခယ်မမြို့နယ် မြို့မဈေးရှိတာဝန်ခံရုံးတွင် ကုန်မျိုးစုံ ရောင်းချနေသော လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း သြဂုတ်လတွင် ဓါတ်မြေသြဇာစျေးကွက်မှာ အရောင်းအဝယ်ပုံမှန်ရှိပြီး စျေးကွက်တွင် လူသုံးများသည့် တံဆိပ်များနှင့် စျေးနှုန်းများမှာ သံကွင်း (Yuntianhua)မှာ ၅၀ကီလိုဂရမ် တစ်အိတ်လျှင် ကျပ် ၁၁၇၅ဝဝိ၊ သရဖူ(ထိုင်းနိုင်ငံ) တစ်အိတ်လျှင် ကျပ် ၁၁၀ဝဝဝ/-၊ Vedagro (ဗီယက်နမ်) တစ်အိတ်လျှင် ကျပ် ၈၆၅ဝဝ/-၊ ၁၈:၄:၅ (သရဖူ)တစ်အိတ်လျှင် ကျပ် ၁၀ဝဝဝဝ/-၊ ၁၅ပတ်လည်(အာမို)တစ်အိတ်လျှင် ကျပ် ၁၁၈၀၀၀/-၊ တနင်္သာရီတိုင်းဒေသကြီးတွင် ပိုးသတ်ဆေးစျေးနှုန်းများမှာ ဒါနာဒင် ၁၀၀စီစီ တစ်ဘူး