တနင်္သာရီတိုင်းဒေသကြီးအတွင်း သြဂုတ်လတွင် ဓါတ်မြေသြဇာစျေးကွက်မှာ အရောင်းအဝယ်ပုံမှန်ရှိပြီး စျေးကွက်တွင် လူသုံးများသည့် တံဆိပ်များနှင့် စျေးနှုန်းများမှာ သံကွင်း (Yuntianhua)မှာ ၅၀ကီလိုဂရမ် တစ်အိတ်လျှင် ကျပ် ၁၁၇၅ဝဝိ၊ သရဖူ(ထိုင်းနိုင်ငံ) တစ်အိတ်လျှင် ကျပ် ၁၁၀ဝဝဝ/-၊ Vedagro (ဗီယက်နမ်) တစ်အိတ်လျှင် ကျပ် ၈၆၅ဝဝ/-၊ ၁၈:၄:၅ (သရဖူ)တစ်အိတ်လျှင် ကျပ် ၁၀ဝဝဝဝ/-၊ ၁၅ပတ်လည်(အာမို)တစ်အိတ်လျှင် ကျပ် ၁၁၈၀၀၀/-၊ တနင်္သာရီတိုင်းဒေသကြီးတွင် ပိုးသတ်ဆေးစျေးနှုန်းများမှာ ဒါနာဒင် ၁၀၀စီစီ တစ်ဘူးလျှင် ကျပ် ၅၉၀၀၊ မာလာမြိုင်ဖန့်ဆို ၁၀၀စီစီ တစ်ဘူးလျှင် ကျပ် ၃၆၀၀၊ သန်ဒါး(မြန်မာသြဘာ) ၁၀စီစီ တစ်ဘူးလျှင် ကျပ် ၁၇၀၀၊ ဒိုဇာ(မြန်မာသြဘာ) ၁၀စီစီ တစ်ဘူးလျှင် ကျပ် ၁၃၀၀/-ဖြင့် အရောင်း အဝယ်ဖြစ် နေကြောင်းစုံစမ်းသိရှိရပါသည်။
သြဂုတ်လ တတိယအပတ်တွင် ဘိလပ်မြေစျေးနှုန်းမှာ မြင့်တက်လျက်ရှိပြီး ဆင်နီ(ထိုင်း) တစ်အိတ်လျှင် ကျပ် ၁၃၇၀၀၊ ကြံ့(၂)ကောင်တံဆိပ် ကျပ် ၉၈၀၀၊ apache တံဆိပ် ကျပ် ၉၈၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များမှ စုံစမ်းသိရှိရပါသည်။
ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေးနှင့် ဘိလပ်မြေစျေးနှုန်းများမှာ ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် စျေးနှုန်းမြင့်တက်လျက်ရှိပြီး အရောင်းအဝယ်မှာပုံမှန်ရှိကြောင်းသိရှိရပါသည်။
DOCA(တနင်္သာရီ)