ကုန်သွယ်မှုသတင်းများ
လွိုင်ကော်မြို့ဈေးကွက်အတွင်းတွင် အခြေခံစားကုန်များ အခြားဒေသမှ အများအပြား ဝင်ရောက်လျက်ရှိရာ အခြေခံစားကုန်တစ်မျိုးဖြစ်သည့် ကြက်ဥကို တောင်ကြီး၊ မိုးဗြဲဘက်မှ အများဆုံး ဝင်ရောက်လျက်ရှိရာ ယခင်ဇူလိုင်လတွင် တောင်ကြီးမှ ကြက်ဥ (၁၀၈၈) ဖာ ဝင်ရောက်ကြောင်း မြို့ဦးဂိတ်စာရင်းအရ သိရပါသည်။ ယခုလက်ရှိ ဩဂုတ်လ ဒုတိယပတ်တွင် ဈေးကွက်အတွင်း ဖြစ်ပေါ်နေသော ကြက်ဥဈေးနှုန်းမှာ အလုံးကြီးတစ်လုံးလျှင် (၂၀၀) ကျပ်၊ အလုံးသေးတစ်လုံးလျှင် (၁၈၀) ကျပ်ဈေးဖြင့် ရောင်းချလျက်ရှိပြီး ယခင်ဇူလိုင် ဒုတိယပတ် ကြက်
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယခရိုင်ဦးစီးမှူးနှင့် မြို့နယ်စစ်ဆေးရေးမှူးတို့သည် ဩဂုတ်လ(၅) ရက်နေ့တွင် စားအုန်းဆီရန်ကုန်အထိုင် ရည်ညွှန်းလက္ကားဈေး နှုန်းအပေါ် ကုန်သည်များညွှန်ကြားချက်နှင့်အညီရောင်းချစေရေးနှင့် ဈေးနှုန်း အဆမတန်မြှင့်တင်ရောင်းချ ခြင်းမရှိစေရေးအတွက် အရောင်းဆိုင်များအား ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိတ္ထီလာခရိုင်အတွင်း မိုးနေကြာကို ဇွန်လအတွင်း စတင်စိုက်ပျိုးရာ စိုက်ဧကအနေနှင့် ဧက (၈၀၀)ခန့်ရှိပြီး ယခင်နှစ်ထက်(၄)ဆခန့် ပိုလာကြောင်း ၊ နေကြာ သီးနှံကို စီမံကိန်းချမှတ်၍ တိုင်းဒေသကြီးအစိုးရအစီအစဉ်ဖြင့် မျိုးစေ့ ၊ သွင်းအားစုထောက်ပံ့ခြင်းများကို စိုက်ပျိုးရေး ဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိကြောင်း၊ ဇွန်လအတွင်း စိုက်ပျိုးခဲ့သော နေကြာသီးနှံမှာလည်း ယခုအခါ အောင်မြင် ဖြစ်ထွန်းလျက်ရှိပြီး အချို့သော စိုက်ခင်းများ ရိတ်သိမ်းရန် အသင့်ဖြစ်လျက် ရှိကြောင်း၊ ဒေသအနေနှင့် စားသုံးဆီသုံးစွဲမှ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စားသုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းကာ ပြည်ပမှတင်သွင်းလာသည့် စားသုံးဆီ များအား သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းများနှင့်ပြည့်မီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာ ရေးနှင့်ညီညွတ်သော စားသုံးဆီများကို သုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်ရေး တို့အတွက် ကြီးကြပ်ထိန်းကျောင်း ဆောင်ရွက်လျှက်ရှိပါသည်။
ရေတာရှည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၏ လမ်းညွှန်မှုဖြင့် ရေတာရှည်မြို့နယ်မှ ဌာနဆိုင်ရာများသည် အဖွဲ့များခွဲ၍ ဇူလိုင်လအတွင်း မိုးရွာသွန်းမှုအလွန်နည်းပါးခြင်းကြောင့် လယ်ယာမြေများ ပျက်စီးဆုံးရှုံးမှုနှင့်ပြန်လည်ပြုပြင်နေမှုများကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။