Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
12 Aug 2022

              ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များတွင် ကွမ်းသီးစိမ်း အနုများ အရောင်းအဝယ် ကောင်းလျက်ရှိပါသည် ။ ကွမ်းသီးပင်များကို ဧကနှင့် စီးပွားဖြစ် မစိုက်ပျိုးသော်လည်း အိမ်ခြံဝန်းအတွင်း၌ တစ်ပိုင်တစ်နိုင် စိုက်ပျိုးပြီး ထွက်ရှိသော အသီးများ ရင့်မှည့်ချိန်ရောက်ခါမှ ခူးဆွတ်ရောင်းချလျက်ရှိပါသည်။ ယခုအချိန်တွင် ကွမ်းသီးစိမ်း (အနု)များကို ကွမ်းသီးအရေသောက်ဟုခေါ်ကာ ရန်ကုန်မြို့မှ လာရောက်ဝယ်ယူနေပြီး တရုတ်ပြည်မှ ဆေးဖော်ရန် ဝယ်ယူနေကြောင်း သိရှိရပါသည်။ ရန်ကုန်ဝယ်လက်အနေ

12 Aug 2022

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူး ခြင်းလုပ်ငန်းကော်မတီကိုဖွဲ့စည်းကာ ပြည်ပမှတင်သွင်းလာသည့် စားသုံးဆီများ သတ်မှတ်အရည်အသွေး စံချိန်စံညွန်းများနှင့် ပြည့်မီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများ ဝယ်ယူသုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်စေရေးအတွက် ကြီးကြပ်ထိန်းကျောင်း ဆောင်ရွက်လျက်ရှိသည့်အပြင် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကိုလည်းအပတ်စဉ်ထုတ်ပြန်ပေးလျက် ရှိပါသည်။

12 Aug 2022

           “အသီးမှာသရက်၊ အသားမှာဝက်၊ အရွက်မှာလက်ဖက်” ဆိုတဲ့ မြန်မာစကားပုံအရ မြန်မာလူမျိုးအများစုအရသာအတွေ့ဆုံးက သရက်သီးဖြစ်တယ်လို့ ဆိုနိုင်ပေမဲ့ အရှေ့တောင်အာရှတခွင်မှာတော့ ဒူးရင်းသီးကို သစ်သီးများရဲ့ဘုရင် (King of Fruits)တင်စား ခေါ်ဝေါ် ကြပါတယ်။ ဒူးရင်း(Durian)ဆိုသည့်အမည်ဟာ မလေးဘာသာ(Duri)မှဆိုသည့်စကားရပ်မှ ဆင်းသက်လာတာဖြစ်ပြီး (Duri) ဆိုတာကတော့ “ဆူး” ဆိုတဲ့အဓိပ္ပါယ်ပါ။ ထားဝယ်ရာဇဝင်သမိုင်းဖော်ပြချက်မှာတော့ မြတ်စွာဘုရားရှင်အား “ဒူရကနတ်သား”မှ နတ်ပြည်မှပါလာသည့် နတ်သစ် သီးအား ဆပ်က

12 Aug 2022

         မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများ ( ၁၀၀ ) ကျော် ရှိရာ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ဘာသာစကားများဖြင့် တန်ဘိုးထားစွာ နေထိုင်ကြသည်ကိုတွေ့ရှိရမည် ဖြစ်သည်။ နေထိုင်ရာဒေသ မတူညီကြသည်နှင့် ကိုးကွယ်ယုံကြည်မှုများလည်း မတူညီကြပေ။ ဝတ်စားဆင်ယင်မှုများမှာလည်း မိမိတို့၏ ရိုးရာသင်္ကတများအလိုက် ကွဲပြားသွားကြပါသည်။

12 Aug 2022

             တောင်ငူမြို့နယ်အတွင်းတွင် ရပ်ကွက်ဈေးများအလိုက် စားအုန်းဆီးများကို သက်သာ သော ဈေးနှုန်းဖြင့် လှည့်လည်ရောင်းချလျက်ရှိပါသည်။ တောင်ငူမြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များ တွင် ယခုကာလဈေးနှုန်း စားအုန်းဆီ ၁ ပိဿာ လျှင် ၈၅၀၀ ကျပ်၊ ပဲစပ်ဆီ ၁ ပိဿာလျှင် ၉၅၀၀ ကျပ် နှင့် ပဲဆီ ၁ ပိဿာလျှင် ၁၀၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။

Pages