ကုန်သွယ်မှုသတင်းများ
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် သရက်ခရိုင် ဦးစီးမှူးတို့၏ လမ်းညွှန်မှုဖြင့် ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် ကံမမြို့နယ်တာဝန်ခံ ဒေါ်နွဲ့ယဉ်ဝင်းသည် စားသုံးသူပြည်သူများ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ရည်ရွယ်၍ ဩဂုတ်လ (၉)ရက်၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ကံမမြို့ပေါ်၌ အမှတ်(၁/၃/၄)ရပ်ကွက်အတွင်းရှိ ကုန်စုံဆိုင် များတွင်ရောင်းချလျက်ရှိသည့် ကြာပန်းတံဆိပ် ၊ မေဇင်၊ Goody အမှတ်တံဆိပ် စားသုံးဆီများ နှင့်ပက်သက်၍ ကုန်အညွှန်းအမှတ်အသာ
အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် ယခင်အပတ်(၄.၈.၂၀၂၂)နှင့် ယခုအပတ် (၁၀.၈.၂၀၂၂)ရက်နေ့အတွင်း နှမ်းဖြူနှင့်နှမ်းနီတို့မှာ (၄၅) ပိဿာတစ်အိတ်လျှင် ယခင်အပတ် (၁၈၀၀၀ဝိ/-) ယခုအပတ်(၁၉၅၀၀ဝိ/-)ဖြစ်၍ (၁၅၀၀ဝိ/-)ဈေးမြင့်တက်ခဲ့ပြီး နှမ်းနက်(စမုံ)မှာ (၂၂၀၀၀ဝိ/-) ဈေးနှုန်းဖြစ်ကြောင်း သိရှိရပါသည်။
သရက်မြို့နယ် ပတ်ဝန်းကျင်ကျေးရွာများမှ ထွက်ရှိသည့် ပဲမျိုးစုံအနက် ပဲတီစိမ်းနှင့်နှမ်း သီးနှံသည် နေ့စဉ်ဈေးကွက်အတွင်းသို့ ဝင်ရောက်လျက်ရှိပါသည်။ ဩဂုတ်လ ပထမပတ်တွင် ပဲတီစိမ်းတစ်တင်းလျှင် (၄၀၀၀ဝိ/-)ဖြင့် အရောင်းအဝယ်အေးလျက်ရှိရာ ဒုတိယပတ်တွင် (၄၈၀၀ဝိ/-)၊ နှမ်းသီးနှံများမှာလည်း ပထမပတ်တွင် နှမ်းနက်တစ်တင်းလျှင်(၆၅၀၀ဝိ/-)၊ နှမ်းနီ တစ်တင်းလျှင်(၆၀၀၀ဝိ/-)ဖြစ်ပြီး ဒုတိယပတ်တွင် နှမ်းနက်တစ်တင်းလျှင်(၈၀၀၀ဝိ/-)၊ နှမ်းနီတစ် တင်းလျှင်(၇၀၀၀ဝိ/-)ဖြစ်ကြောင်း သိရှိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး မကွေးခရိုင်/ ချောက်ခရိုင်ဦးစီးမှူး ဒေါ်တင်တင်လှ (လက်ထောက် ညွှန်ကြားရေးမှူး)၊ ဒု-ခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနှင့် ဝန်ထမ်းများသည် (၉.၈.၂၀၂၂)ရက်နေ့တွင် မကွေးမြို့၊ မကျီးကန်ကျေးရွာ သင်ကြားရေးဆေးရုံလမ်းရှိ “နေခြည်” အာလူးကြော်လုပ်ငန်းနှင့် မကွေးမြို့၊ အောင်စေတနာ(စီ)လမ်းရှိ “ကျော်ဇော” ပဲအမွကြော် လုပ်ငန်းများသို့ သွားရောက်ကွင်းဆင်းပြီး ထုတ်လုပ်မှု အခြေအနေ၊ နေ့စဉ်စားသုံးဆီသုံးစွဲမှု အခြေအနေများအား လေ့လာမေးမြန်းခဲ့ပြီး အမှတ်တံဆိပ
တနင်္သာရီတိုင်းဒေသကြီးအတွင်း သြဂုတ်လတွင် ဓါတ်မြေသြဇာစျေးကွက်မှာ အရောင်းအဝယ် ပုံမှန်ရှိပြီး စျေးကွက်တွင် လူသုံးများသည့် တံဆိပ်များနှင့် စျေးနှုန်းများမှာ သံကွင်း(Yuntianhua) မှာ ၅၀ကီလိုဂရမ် တစ်အိတ်လျှင် ကျပ်၁၁၇၅ဝဝိ/-၊ သရဖူ(ထိုင်းနိုင်ငံ) တစ်အိတ်လျှင် ၁၀၉ဝဝဝ/-၊ Vedagro (ဗီယက်နမ်) တစ်အိတ်လျှင် ကျပ် ၈၅၅ဝဝ/-၊ ၁၈:၄:၅ (သရဖူ)တစ်အိတ်လျှင် ကျပ် ၈ဝဝဝဝ/-၊ ၁၅ပတ်လည်(အာမို) တစ်အိတ်လျှင် ၉၉၀၀၀/-၊ ဒါနာဒင် ၁၀၀စီစီ တစ်ဘူးလျှင် ကျပ် ၅၈၅၀၊ မာလာမြိုင်ဖန့်ဆို ၁၀၀စီစီ တစ်ဘူးလျှင်ကျပ် ၃၆