အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် ယခင်အပတ်(၄.၈.၂၀၂၂)နှင့် ယခုအပတ် (၁၀.၈.၂၀၂၂)ရက်နေ့အတွင်း နှမ်းဖြူနှင့်နှမ်းနီတို့မှာ (၄၅) ပိဿာတစ်အိတ်လျှင် ယခင်အပတ် (၁၈၀၀၀ဝိ/-) ယခုအပတ်(၁၉၅၀၀ဝိ/-)ဖြစ်၍ (၁၅၀၀ဝိ/-)ဈေးမြင့်တက်ခဲ့ပြီး နှမ်းနက်(စမုံ)မှာ (၂၂၀၀၀ဝိ/-) ဈေးနှုန်းဖြစ်ကြောင်း သိရှိရပါသည်။
ပဲမျိုးစုံစျေးကွက်တွင် ပဲကြီး (၂၀)ပိဿာ တစ်တင်းလျှင် ယခင်အပတ်(၇၁၀၀ဝိ/-) ယခုအပတ်(၇၁၀၀ဝိ/-) ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိသော်လည်း မတ်ပဲမှာ ယခင်အပတ်(၅၃၀၀ဝိ/-) ယခုအပတ် (၅၈၀၀ဝိ/-) ဖြစ်၍ (၅၀၀ဝိ/-) ဈေးမြင့်တက်ခဲ့ပြီး၊ ဘိုကိတ်ပြာ ယခင်အပတ်(၃၄၀၀ဝိ/-) ယခုအပတ် (၃၇၀၀ဝိ/-)ဖြစ်၍ (၃၀၀ဝိ/-) ဈေးမြင့်တက်ခဲ့ပြီး၊ ပဲတီစိမ်း ယခင်အပတ်(၄၃၀၀ဝိ/-) ယခုအပတ် (၄၈၀၀ဝိ/-) ဖြစ်၍ (၅၀၀ဝိ/-) ဈေးမြင့်တက်ခဲ့ပြီး၊ ပဲစဉ်းငုံနီ ယခင်အပတ်(၄၉၁၀ဝိ/-) ယခုအပတ် (၆၀၀၀ဝိ/-) ဖြစ်၍ (၁၀၉၀ဝိ/-) ဈေးမြင့်တက်ခဲ့ပြီး၊ ကုလားပဲ(HL) ယခင်အပတ်(၅၂၀၀ဝိ/-) ယခုအပတ် (၅၆၀၀ဝိ/-) ဖြစ်၍ (၄၀၀ဝိ/-) ဈေးမြင့်တက်ခဲ့ပြီး၊ ကုလားပဲ(မြကြေး) ယခင်အပတ်(၅၂၀၀ဝိ/-) ယခုအပတ် (၅၆၀၀ဝိ/-) ဖြစ်၍ (၄၀၀ဝိ/-) ဈေးမြင့်တက်ခဲ့ပြီး၊ မြေပဲလုံးဆံ(ဖြူ)တစ်ပိဿာလျှင် ယခင်အပတ်(၅၉၀ဝိ/-) ယခုအပတ် (၅၉၅ဝိ/-) ဖြစ်၍ (၅ဝိ/-) ဈေးမြင့်တက်ခဲ့ကာ မြေပဲလုံးဆံ(နီ)မှာ (၅၉၀ဝိ/-)နှင့် မြေပဲတောင့်(စို) တစ်တင်း (၂၁၅၀ဝိ/-)ဖြစ်ပြီး အရောင်းအဝယ်ပမာဏအနေဖြင့် နှမ်းဖြူ(၁၁၅)အိတ်၊ နှမ်းနီ(၁၈၀)အိတ်၊ နှမ်းနက်(စမုံ)(၁၈၅၀) အိတ်၊ ပဲတီစိမ်း(၇၀၀)အိတ်၊ ပဲစဉ်းငုံနီ(၁၃၅၀)အိတ်၊ မတ်ပဲ(၁၇၀)အိတ်၊ ကုလားပဲ(HL) (၁၁၀၀)အိတ်၊ ကုလားပဲ(မြကြေး) (၉၅၀)အိတ်၊ ဘိုကိတ်ပြာ (၃၈၀)အိတ်၊ ပဲကြီး(၄၅၀)အိတ်၊ မြေပဲလုံးဆံ(ဖြူ)(၅၄၀)အိတ်၊ မြေပဲလုံး ဆံ(နီ) (၇၇၀)အိတ်တို့ အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)