Main menu

သရက်မြို့နယ် ပဲတီစိမ်းနှင့် နှမ်းဈေးနှုန်းဈေးကွက် အခြေအနေ

Powered by Drupal

          သရက်မြို့နယ် ပတ်ဝန်းကျင်ကျေးရွာများမှ ထွက်ရှိသည့် ပဲမျိုးစုံအနက် ပဲတီစိမ်းနှင့်နှမ်း သီးနှံသည် နေ့စဉ်ဈေးကွက်အတွင်းသို့ ဝင်ရောက်လျက်ရှိပါသည်။ ဩဂုတ်လ ပထမပတ်တွင် ပဲတီစိမ်းတစ်တင်းလျှင် (၄၀၀၀ဝိ/-)ဖြင့် အရောင်းအဝယ်အေးလျက်ရှိရာ  ဒုတိယပတ်တွင် (၄၈၀၀ဝိ/-)၊ နှမ်းသီးနှံများမှာလည်း  ပထမပတ်တွင် နှမ်းနက်တစ်တင်းလျှင်(၆၅၀၀ဝိ/-)၊ နှမ်းနီ တစ်တင်းလျှင်(၆၀၀၀ဝိ/-)ဖြစ်ပြီး  ဒုတိယပတ်တွင် နှမ်းနက်တစ်တင်းလျှင်(၈၀၀၀ဝိ/-)၊ နှမ်းနီတစ် တင်းလျှင်(၇၀၀၀ဝိ/-)ဖြစ်ကြောင်း သိရှိရပါသည်။

          အောင်လံမြို့ရှိ ဝယ်လက်သမားများမှ ဝယ်ယူလျက်ရှိပြီး နေ့စဉ်တစ်နေ့လျှင် ပဲတီစိမ်း အိတ်ရေ(၁၀)ခန့် ၊ နှမ်းအိတ်ရေ(၅၀-၆၀)ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)