Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
16 Aug 2022

          ပြည်မန်ကျည်းမှည့် (ပွဲရုံ)များတွင် ဒေသထွက် မန်ကျည်းမှည့်များဝင်ရောက်မှုမရှိတော့ဘဲ လှောင်မန်ကျည်းမှည့်များကိုသာ အရောင်းအဝယ်ပြုလုပ်နေကြောင်း သိရပါသည်။ လက်ကျန် မန်ကျည်းမှည့်ကို ဒေသတွင်းလက်လီအရောင်းသမားများသာ အဝယ်ရှိနေပါသည်။ ယခုအပတ် မန်ကျည်းမှည့် (ပွဲရုံ) တစ်ပိဿာဈေး ၃၈၀၀ကျပ်နှင့် လက်လီဈေး ၄၅၀၀ကျပ်တို့ဖြင့် ရောင်းဝယ်လျှက် ရှိနေပါသည်။ မန်ကျည်းသီးစိမ်း တစ်ပိဿာလျှင် (လက်ကား)ဈေး ၃၂၀၀ကျပ်နှင့် လက်လီဈေး ၃၅၀၀ကျပ်တို့ဖြင့် ရောင်းချလျှက်ရှိကြောင်းလည်း တွေ့ရှိရပါသည်။

16 Aug 2022

             ယခုတစ်ပတ်တွင် ပြည်ဈေးကွက်၌ ကြက်သွန်နီဈေးနှုန်းများ တစ်ပိဿာလျှင် ယခင် အပတ်ထက် ကျပ်၂၀၀ခန့် ဆက်လက်မြင့်တက်သွားကြောင်းသိရှိရပါသည်။ ကျောက်ပန်းတောင်း၊ အောင်လံ၊ ဆိပ်ဖြူဘက်မှ ကြက်သွန်နီအိတ် ၄၀၀ခန့် ရက်ခြားအဝင်ရှိနေပါသည်။ အရောင်း အဝယ်အနေဖြင့် ဝင်ရောက်မှု၏ ထက်ဝက်အိတ် ၂၀၀ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပြီး ပန်းတောင်း(ဥသျှစ်ပင်)၊ ဧရာဝတီ(ကြံခင်း)နှင့် သာယာဝတီခရိုင်တို့သို့ စီးဆင်း၍ ရောင်းဝယ်မှုရှိနေပါသည်။ ပြည်ဈေးကွက်တွင် ပွဲရုံဈေး တစ်ပိဿာလျှင် (ကြီး/လတ်/သေး) ကျပ် ၁၈၀၀-၁၉၅၀-

16 Aug 2022

       ပဲခူးတိုင်းဒေသကြီး၊ ပဲဈေးကွက်အတွင်း ပြည်ပဝယ်လက်ပဲများဖြစ်သော မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံသီးနှံများမြင့်တက်ရောင်းဝယ်လျှက်ရှိခဲ့ကြပါသည်။ မတ်ပဲသီးနှံမှာ ယခုရက်ပိုင်းဈေးများ တရိပ်ရိပ်မြင့်လျှက်ရှိသောကြောင့် ယခုရက်တွင် တစ်တင်း ၆၀၀၀၀ကျပ်နှုန်းဖြင့် အချို့ လှောင်ပဲ သမားများက ထုတ်ရောင်းချခဲ့ကြသောကြောင့် အိတ် ၂၀၀/၃၀၀ကျော် ရန်ကုန်ဝယ်လက် အဝယ်လိုက်သည့်ရက်တွင် အရောင်းအဝယ်ပိုသွက်ခဲ့ကြောင်းသိရပါသည်။ ပဲတီစိမ်းသီးနှံသစ် များမှာဖြင့် ပဲသစ်ဝင်ရောက်မှုအပေါ်မူတည်၍ မန္တလေးလိုင်းသမားများဝယ

16 Aug 2022

            မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် စပါး၊ ပဲမျိုးစုံနှင့်ဆီထွက်သီးနှံများအား အဓိကထားစိုက်ပျိုးလျှက်ရှိရာ ကျောက်ဆည်ခရိုင်အတွင်းရှိ မြို့နယ်များအနက်မှ စဉ့်ကိုင်မြို့နယ် သည်ဆီထွက်သီးနှံတစ်မျိုးဖြစ်သော (မိုးကြို)နေကြာကိုလည်း အဓိကအားထား စိုက်ပျိုးကြပါသည်။ စဉ့်ကိုင်မြို့နယ်တွင် (မိုးကြို)နေကြာစိုက်ဧကမှာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင်(၁၁၉၉)ဧက စိုက်ပျိုး နိုင်ခဲ့ပြီး နေကြာစိုက်ပျိုးမှုအနေဖြင့် ဧပြီလနှင့်မေလများတွင်စိုက်ပျိုးကြပြီး (မိုးကြို)နေကြာတစ်ဧက လျှင်မျိုးစေ့မှာ(၄-

16 Aug 2022

          လွိုင်ကော်မြို့သည် ကယားပြည်နယ်၏ လူနေထိုင်မှုအများဆုံးမြို့ဖြစ်ပြီး  ကုန်စည်ကူးသန်းရောင်းဝယ်မှုလည်း အဓိက အချက်အခြာကျသော မြို့မြို့ဖြစ်ပါသည်။ ကုန်စည်ရောင်းဝယ်သော စီးပွားရေးလုပ်ငန်းများအပြင် စိန်၊ ရွှေ၊ ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းများရှိ၍ လိုချင် သည့် စိန်၊ရွှေ၊ကျောက်မျက်ရတနာများ စိတ်တိုင်းကြဝယ်ယူရရှိနိုင်ပြီး ရွှေထည်လက်ဝတ်ရတနာများကို ကိုယ်ပိုင် ပန်းတိမ်လုပ်ငန်းများဖြင့် ပြုလုပ်ရောင်းချခြင်း၊ မန္တလေး၊တောင်ကြီးဘက်မှလည်း ရွှေထည်များမှာယူရောင်းချလျက်ရှိပါသည်။ ယခု

Pages