Main menu

ပြည်ကြက်သွန်နီဈေး ဆက်လက်မြင့်တက်ပြီး

Powered by Drupal

             ယခုတစ်ပတ်တွင် ပြည်ဈေးကွက်၌ ကြက်သွန်နီဈေးနှုန်းများ တစ်ပိဿာလျှင် ယခင် အပတ်ထက် ကျပ်၂၀၀ခန့် ဆက်လက်မြင့်တက်သွားကြောင်းသိရှိရပါသည်။ ကျောက်ပန်းတောင်း၊ အောင်လံ၊ ဆိပ်ဖြူဘက်မှ ကြက်သွန်နီအိတ် ၄၀၀ခန့် ရက်ခြားအဝင်ရှိနေပါသည်။ အရောင်း အဝယ်အနေဖြင့် ဝင်ရောက်မှု၏ ထက်ဝက်အိတ် ၂၀၀ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပြီး ပန်းတောင်း(ဥသျှစ်ပင်)၊ ဧရာဝတီ(ကြံခင်း)နှင့် သာယာဝတီခရိုင်တို့သို့ စီးဆင်း၍ ရောင်းဝယ်မှုရှိနေပါသည်။ ပြည်ဈေးကွက်တွင် ပွဲရုံဈေး တစ်ပိဿာလျှင် (ကြီး/လတ်/သေး) ကျပ် ၁၈၀၀-၁၉၅၀-၂၁၅၀ တို့ရှိပြီး လက်လီဈေးအသေးများတွင် ကြီး/လတ်/သေး ကျပ် ၂၀၀၀-၂၂၀၀-၂၄၀၀ နှုန်းတို့ဖြင့် အသီးသီးရောင်းဝယ်မှုရှိနေပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)