Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
16 Aug 2022

           ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်းရှိ ပန်းတောင်းမြို့နယ် ကြခတ်ရပ်ကွက်အတွင်းရှိ အခြေခံလူတန်းစား စားသုံးသူပြည်သူများအား (၄.၈.၂၀၂၂)ရက်နေ့တွင်တစ်ကြိမ် ၊ ၉.၈.၂၀၂၂ရက်နေ့တွင် မင်းရပ် ရပ်ကွက် ၊ သူရဲဇီးကျေးရွာတွင် တစ်ကြိမ် စားအုန်းဆီများ အား သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျှက်ရှိပါသည်။

16 Aug 2022

           ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ၊ ပန်းတောင်းမြို့နယ်ရှိ သရက်လိန်ကျေးရွာအုပ်စု၊ သူရဲဇီးကျေးရွာတွင် ယခုအချိန်၌ နွေနှမ်းများစတင်ရိတ်သိမ်းနေပြီဖြစ်သဖြင့် နွေနှမ်းဈေးနှုန်း ဈေးကွက်အခြေအနေမျာအား သိရှိနိုင်ပါရန် ကွင်းဆင်းလေ့လာခဲ့ပါသည်။

16 Aug 2022

          လွိုင်ကော်မြို့နယ်အတွင်းမှာလည်း ငှက်ပျောသီးကို စီးပွားဖြစ်စိုက်ပျိုးကြပါသည်။ လွိုင်ကော်ခရိုင်တွင် ၂၀၂၀-၂၀၂၁ ခုနှစ် ငှက်ပျောစိုက်ဧက (၁၈၄၇ )ဧကနှင့်  ဘောလခဲခရိုင် (၄၄၀) ဧကစိုက်ပျိုးကြပြီး လွိုင်ကော်ခရိုင်တွင် မထောခူကျေးရွာ၊ လောပိတကျေးရွာ၊ ရှမ်းရွာ ၊ ကျောက်တောင် ၊ လေးမိုင် စံပြ ကျေးရွာတို့တွင် ရခိုင် ငှက်ပျော အဓိက စိုက်ပျိုးထွက်ကြပြီး၊ ရွှေနီသီးမွှေးငှက်ပျောကိုလည်း တပိုင်တနိုင်စိုက်ပျိုးကြပါသည်။             

16 Aug 2022

      ကယားပြည်နယ်သည် ကုန်စည်စီးဆင်းမှုမှာ ပုံမှန်ရောင်းဝယ်လည်ပတ်လျက်ရှိပြီး ဇူလိုင်လအတွင်း အခြားတိုင်းဒေသကြီး / ဒေသများမှ ပြည်နယ်အတွင်းသို့ အိမ်ဆောက်ပစ္စည်း အချို့ဘိလပ်မြေ (၇၀၄၀)အိတ် နှင့် လူသုံးကုန်ပစ္စည်းများ ၊ လယ်ယာထွက်ကုန်သီးနှံများ၊ စားဖိုဆောင်အသုံးပြု ကုန်စည် များ ဝင်ရောက်လျက်ရှိရာ ယခင်လ ဆန်တင်သွင်းမှုများမှာ (၁၉၅၀)အိတ်၊ (၉၈)တန်နှင့် ဆီတင်ပို့မှုမှာ (၁၀၇၅)ဗူး ၊  ကြက်သွန်နီ တင်သွင်းမှုမှာ (၁၉၆၅ )အိတ်၊ ကုန်မျိုးစုံကား (၆၁) စီး ၊ ကယားပြည်နယ်မှ အခြားဒေသများသို့ ဆန်တင်ပို့

15 Aug 2022

         ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် အခြေခံစားသောက်ကုန်ဖြစ်သော စားဖိုဆောင် သီးနှံကြက်သွန်နီကို ကျိုင်းတုံမြို့တွင် ဆောင်းရာသီ၌ အမြိတ်စားကြက်သွန်အဖြစ်သာ အနည်းငယ် စိုက်ပျိုးမှုရှိပြီး ဥစားကြက်သွန်နီစိုက်ပျိုး ဖြစ်ထွန်းမှုမရှိသောကြောင့် စားသုံးမှုလိုအပ်ချက်အရ မကွေးတိုင်း၊ မန္တလေးတိုင်း၊ မိတ္ထီလာနှင့် တောင်ကြီးမြို့မှတဆင့် အများအပြားတင်သွင်းရပြီး ဇူလိုင်လအတွင်း ကျိုင်းတုံမြို့တွင် ကြက်သွန်နီဝင်ရောက်မှုမှာ အိတ် (၃၀၀) ခန့်၊ ပိဿာချိန် (တစ်သောင်းနှစ်ထောင်) ခန့်ရ

Pages