ကုန်သွယ်မှုသတင်းများ
ပြည်ဈေးကွက်တွင် ဩဂုတ်လ ဒုတိယပတ်တွင် မြေပဲဆန်ဈေးများ ဆက်လက် မြင့်တက်လာခဲ့ပါသည်။ မြေပဲဆန်များလည်း ဈေးကွက်သို့ ဝင်ရောက်မှု အနည်းငယ်သာရှိပြီး ဝယ်လိုအားများလာသဖြင့် ဈေးများဆက်လက်မြင့်တက်လာသည်ဟုသိရပါသည်။ ပြည်ခရိုင်၊ ရွှေတောင် ဘက်နှင့် ပေါက်ခေါင်းဘက်မှ မြေပဲဆန်များတစ်နေ့လျှင် အိတ် ၂၀၀/၃၀၀ ခန့် ဝင်ရောက်မှု့ရှိနေသော်လည်း ဆီစက်သမားများကလည်းဆီကြိတ်ရန်အဝယ်ရှိသလို မြေပဲလှော်ဖို၊ မြေပဲကြော်ဖိုများမှလည်း နေ့စဉ်အဝယ်ရှိသဖြင့် အရောင်းအဝယ်နေ့စဉ်ဖြစ်လျှက်ရှိပါသည်။
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ၊ ရွှေတောင်မြို့နယ် ဝါးတောအုပ်စု၊ ဖားအိုင့်ကျေးရွာတွင် မိုးနှမ်းများစတင်ထွက်ပေါ်နေပြီဖြစ်သဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေတောင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၁.၈.၂၀၂၂)နေ့ နံနက်ပိုင်းတွင် သွားရောက်၍ မိုးနှမ်းများစိုက်ပျိုးထွက်ရှိမှုနှင့် ဈေးနှုန်းဈေးကွက်အခြေများအား သိရှိနိုင်ပါရန် ကွင်းဆင်းလေ့လာခဲ့ပါသည်။
ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ဝါများစတင်စိုက်ပျိုးနေပြီဖြစ်ပါသည်။ ပြည်ခရိုင်အနေဖြင့် ဝါကြီးစိုက်ဧကမှာ (၂၉၀၃)ဧကရှိပြီး ပေါက်ခေါင်းမြို့နယ်အနေဖြင့် (၁၅၇၈)ဧက စိုက်ပျိုးထားပြီး ဖြစ်ပါသည်။
ပြည်ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျှက်ရှိသော ပဲများ၏ ယခင်လနှင့် ယခုလ အရောင်းအဝယ်ဖြစ်မှုနှင့် ဈေးနှုန်းဈေးကွက်အခြေအနေများမှာ အောက်ပါအတိုင်း တွေ့ရှိရပါသည်-
မတ်ပဲ
ပြည်ခရိုင်၊ ပြည်မြို့ရှိ ဈေးများတွင် ဇူလိုင်လနောက်ဆုံးပတ်မှစတင်၍ ဝါးယောင်းမှိုများ ဈေးကွက်ထဲတွင် ရောင်းချလျှက်ရှိပါသည်။ သဘာဝအလျောက် အလေ့ကျပေါက်လေ့ရှိသည့် မှိုများ ထဲတွင် ဝါးယောင်းမှိုမှာအပါအဝင်ဖြစ်ပြီး ပေါ်ဦးပေါ်ဖျားတွင် ဈေးကောင်းလည်းရပြီး ရောင်းအား လည်းကောင်းလျှက်ရှိပါသည်။ ဝါးယောင်းမှိုကို ပြည်မြို့ အနောက်ဘက်ကမ်းရှိ ကျေးရွာများတွင် အလေ့ကျပေါက်ရောက်တက်သောမှိုတစ်မျိုးဖြစ်ပါသည်။ မှိုများစွာထဲတွင် အဆိပ်အတောက် အလွန် နည်းပါးသော မှိုတစ်မျိုးဖြစ်သဖြင့် စားသုံးသူများက ဝယ