Main menu

ပြည်မြေပဲဆန် ဈေးဆက်လက်မြင့်တက်

Powered by Drupal

            ပြည်ဈေးကွက်တွင် ဩဂုတ်လ ဒုတိယပတ်တွင်  မြေပဲဆန်ဈေးများ ဆက်လက် မြင့်တက်လာခဲ့ပါသည်။ မြေပဲဆန်များလည်း ဈေးကွက်သို့  ဝင်ရောက်မှု အနည်းငယ်သာရှိပြီး ဝယ်လိုအားများလာသဖြင့် ဈေးများဆက်လက်မြင့်တက်လာသည်ဟုသိရပါသည်။  ပြည်ခရိုင်၊ ရွှေတောင် ဘက်နှင့် ပေါက်ခေါင်းဘက်မှ မြေပဲဆန်များတစ်နေ့လျှင် အိတ် ၂၀၀/၃၀၀ ခန့် ဝင်ရောက်မှု့ရှိနေသော်လည်း ဆီစက်သမားများကလည်းဆီကြိတ်ရန်အဝယ်ရှိသလို မြေပဲလှော်ဖို၊ မြေပဲကြော်ဖိုများမှလည်း နေ့စဉ်အဝယ်ရှိသဖြင့် အရောင်းအဝယ်နေ့စဉ်ဖြစ်လျှက်ရှိပါသည်။

          မြေပဲဆန်ဈေးများမှ ဩဂုတ်လ ဒုတိယပတ်တွင် မြေပဲဆီဆန် တစ်ပိဿာလျှင် ၅၉၀၀ ကျပ်၊ ဖြင့် ယခင် ဇူလိုင်လနောက်ဆုံးပတ်ထက်စာလျှင်  ဈေးများမြင့်တက်လာခဲ့ပါသည်။ မြေပဲလုံးဆန် တစ်ပိဿာလျှင် ၆၂၀၀ကျပ်ဖြင့် ဇူလိုင်လနောက်ဆုံးပတ်ထက်စာလျှင် ဈေးများဆက်လက် မြင့်တက် လာခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)