ကုန်သွယ်မှုသတင်းများ
ပြည်ကြက်သွန်ဖြူပွဲရုံများသို့ တောင်ကြီး၊ အောင်ပန်းနှင့် မန္တလေးဘက်မှ ပုံမှန်အဝင်ရှိ နေကြောင်းသိရှိရပါသည်။ ယခုရက်ပိုင်းတွင် ဒေသတွင်း လက်လီ/လက်ကားဝယ်ယူသူများ ရှိသည့် အပြင် လက်ပံတန်း၊ ဇီးကုန်းနှင့် ကြို့ပင်ကောက်မြို့နယ်များသို့လည်း အမှာရှိသလောက် ပို့နေရကြောင်းနှင့် ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်မှလည်း အဝယ်ရှိနေပါသည်။ ကြက်သွန်ဖြူ မှာယူသူ များအနေဖြင့် ကြက်သွန်ဖြူဈေးကျလျှင် အသုံးများသည့်အတွက် အိတ် ၁၀၀ခန့်ထိ အဝယ်ရှိပြီး ဈေးတက်လာလျှင် အသုံးလျော့ကာ အိတ် ၂၀သာ ပို့ပေးရကြောင်း
ပြည်ဈေးကွက်တွင် ဩဂုတ်လ မှစ၍ တို့စရာအဖြစ်အသုံးပြုရသော သရက်ကင်းများ စတင်ဝင်ရောက်လာခဲ့ပါသည်။ သရက်ကင်းမှာ လူအကြိုက်များသော တို့စရာတစ်မျိုးဖြစ်ပြီး ပြည်မြို့အနီး တဝိုက်ရှိကျေးရွာများတွင် စိုက်ပျိုးကြောင်းသိရှိရပါသည်။ ထွက်ရှိလာသော သရက်ကင်းများကို ပြည်မြို့ မြို့မဈေးကြီးနှင့် အခြားသောဈေးများတွင် ရောင်းချလျှက်ရှိပါသည်။ ရောင်းချသော ဈေးနှုန်းများမှာ ပေါ်ခါစတွင် တစ်ဆယ်ကျပ်သားကို ၅၀၀ကျပ် ဖြစ်ပြီး တစ်ပိဿာလျှင် ၄၀၀၀ကျပ် ဖြင့်ရောင်းချကြောင်း သိရှိိရပါသည်။ စားသုံးသူများရှိသဖြင့်
ပြည်ခရိုင်အတွင်းရှိ ပြည်ကုန်စည်ဒိုင်တွင် ဩဂုတ်လအစတွင် ပဲဈေးများတက်လျှက်ရှိပြီး အရောင်းအဝယ်ရှိသောပဲများမှာ မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲ၊ ပဲကြီး၊ ဘိုကိတ်၊ စားတော်ပဲ တို့ဖြစ်ပါသည်။
ပြည်ခရိုင်ရှိနွေစပါးဈေးမှာ ယခုဩဂုတ်လ ဒုတိယပတ်တွင် ပေါင်းတည်မြို့နယ်တွင် တင်း၁၀၀လျှင် ၇၅၀၀၀၀ကျပ်၊ သဲကုန်းမြို့နယ်တွင် ၇၈၀၀၀၀ကျပ်၊ ပြည်မြို့နယ်တွင် ၇၉၀၀၀၀ ကျပ်၊ ပေါက်ခေါင်းမြို့နယ်တွင် ၇၅၀၀၀၀ကျပ်၊ ပန်းတောင်းမြို့နယ်တွင် ၇၃၀၀၀၀ကျပ်ဖြင့် ဈေးငြိမ်နေသည်ကို တွေ့ရှိရပါသည်။ သည်။ စပါးဈေးငြိမ်နေသော်လည်း အရောင်းအဝယ်မှာလည်း အေး၍ နေပါသည်။ ဆန်ဈေးအနေဖြင့် နွေဆန်များမှာ မြင့်တက်ခြင်းမရှိသောကြောင့် စပါးဈေးနှင့်ဆန်ဈေး တွက်ခြေကိုက်မှု မရှိသည့်အတွက် ဆန်ကုန်သည်များမှာ စပါးဝယ်ယူကြိတ်ခွ
ကယားပြည်နယ်တွင် ဆန်/စပါးသည် အဓိကစိုက်ပျိုးသောသီးနှံ တစ်မျိုးဖြစ်ပြီး ပြည်နယ်တွင်း ထွက်ရှိသောဆန်များကို အခြားဒေသများသို့ တင်ပို့ခြင်း အခြားဒေသများမှ ဆန်များကို တင်သွင်း၍ အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခုဩဂုတ်လ ဒုတိယပတ်အတွင်း ဈေးကွက်တွင် ဖြစ်ပေါ်နေသော ဆန်ဈေးနှုန်းများမှာ ဒေသဆန် တရုတ်မွှေး တစ်အိတ်လျှင် (၄၂၀၀၀) ကျပ်၊ ရွှေရင်အေး (၁) တစ်အိတ်လျှင် (၅၀၀၀၀) ကျပ်ရှိပြီး အခြားဒေသမှ ဆန် ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် (၉၀၀၀၀)ကျပ်၊ ပေါ်ဆန်းကျော် တစ်အိတ်လျှင် (၇၇၀၀၀) ကျပ်၊ ဧရာမင်း တစ