Main menu

ပြည်ကြက်သွန်ဖြူ အရောင်းအဝယ်သွက်

Powered by Drupal

          ပြည်ကြက်သွန်ဖြူပွဲရုံများသို့ တောင်ကြီး၊ အောင်ပန်းနှင့် မန္တလေးဘက်မှ ပုံမှန်အဝင်ရှိ နေကြောင်းသိရှိရပါသည်။ ယခုရက်ပိုင်းတွင် ဒေသတွင်း လက်လီ/လက်ကားဝယ်ယူသူများ ရှိသည့် အပြင် လက်ပံတန်း၊ ဇီးကုန်းနှင့် ကြို့ပင်ကောက်မြို့နယ်များသို့လည်း အမှာရှိသလောက် ပို့နေရကြောင်းနှင့် ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်မှလည်း အဝယ်ရှိနေပါသည်။ ကြက်သွန်ဖြူ မှာယူသူ များအနေဖြင့် ကြက်သွန်ဖြူဈေးကျလျှင် အသုံးများသည့်အတွက် အိတ် ၁၀၀ခန့်ထိ အဝယ်ရှိပြီး ဈေးတက်လာလျှင် အသုံးလျော့ကာ အိတ် ၂၀သာ ပို့ပေးရကြောင်း သိရှိရပါသည်။ ယခုရက်ပိုင်း အတွင်း ကြက်သွန်ဖြူ ၁ပိဿာကို ၃၀၀ကျပ် ဈေးတက်လာသည့်အတွက် ပြည်ဈေးကွက်တွင် ကြက်သွန်ဖြူ (ကြူကုတ်) ၁ပိဿာလျှင် လက်ကား(ပွဲရုံဈေး) ကျပ် ၃၅၀၀-၃၇၀၀၊ လက်လီ ၁ပိဿာလျှင် ကျပ် ၃၈၀၀-၄၀၀၀ဈေးရှိပြီး ရှမ်းစ ၁ပိဿာလျှင် လက်ကား(ပွဲရုံဈေး) အလုံးအသေး အကြီးပေါ်လိုက်၍ ကျပ် ၂၅၀၀-၃၀၀၀-၃၅၀၀-၄၀၀၀၊ လက်လီ ၁ပိဿာလျှင် အရော ကျပ် ၃၅၀၀-၄၀၀၀ဈေး ရှိပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)