ပြည်ခရိုင်ရှိနွေစပါးဈေးမှာ ယခုဩဂုတ်လ ဒုတိယပတ်တွင် ပေါင်းတည်မြို့နယ်တွင် တင်း၁၀၀လျှင် ၇၅၀၀၀၀ကျပ်၊ သဲကုန်းမြို့နယ်တွင် ၇၈၀၀၀၀ကျပ်၊ ပြည်မြို့နယ်တွင် ၇၉၀၀၀၀ ကျပ်၊ ပေါက်ခေါင်းမြို့နယ်တွင် ၇၅၀၀၀၀ကျပ်၊ ပန်းတောင်းမြို့နယ်တွင် ၇၃၀၀၀၀ကျပ်ဖြင့် ဈေးငြိမ်နေသည်ကို တွေ့ရှိရပါသည်။ သည်။ စပါးဈေးငြိမ်နေသော်လည်း အရောင်းအဝယ်မှာလည်း အေး၍ နေပါသည်။ ဆန်ဈေးအနေဖြင့် နွေဆန်များမှာ မြင့်တက်ခြင်းမရှိသောကြောင့် စပါးဈေးနှင့်ဆန်ဈေး တွက်ခြေကိုက်မှု မရှိသည့်အတွက် ဆန်ကုန်သည်များမှာ စပါးဝယ်ယူကြိတ်ခွဲ ရောင်းချမှု မရှိသည့် အတွက် စပါးဈေးမှာ ဆက်လက်ငြိမ်နေခြင်းဖြစ်ပါကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)