ကုန်သွယ်မှုသတင်းများ
ဆိပ်ဖြူမြို့ ကြက်သွန်နီ အရောင်းအဝယ်ဖြစ်လျက်ရှိသော ကုန်စည်ဒိုင်သို့ ဩဂုတ်လ (ဒုတိယ)ပတ်အတွင်း ကြက်သွန်နီပင်စိုက်အသစ်များ ဆိပ်ဖြူမြို့နယ်ဒေသတွင်း နေရာအနှံ့အပြားမှ နေ့စဉ် ဝင်ရောက်လျက်ရှိပါသည်။ တစ်ရက်လျှင်ပျမ်းမျှ ကြက်သွန်နီ ကုန်ချိန်ပိဿာ (၂)သောင်းခန့် (၁)ပတ်အတွင်း စုစုပေါင်းပိဿာ (၁)သိန်းခွဲခန့် ကုန်စည်ဒိုင်သို့ ဝင်ရောက်လျက်ရှိပြီး မြို့ပေါ်ရှိ ကြက်သွန်ကုန်သည် သိုလှောင်ရုံများတွင် ကြက်သွန်နီပိဿာပျမ်းမျှ (၁)ပတ်အတွင်း ကုန်ချိန် (၄)သိန်းခန့် ဝင်ရောက် အရောင်းအဝယ်ဖြစ်ကြောင်
မကွေးတိုင်းဒေသကြီး၊ တိုင်းတောင်သူဖွံ့ဖြိုးရေးအသင်းနှင့် နှမ်းပြည်ပတင်ပို့သည့် ကုမ္ပဏီ(၅)ခုတို့ ကြိုတင်ညှိနှိုင်းသဘောတူစာချုပ်အရ နှမ်းနက်နှင့် နှမ်းဖြူ တန်ချိန်(၃၀၀၀)သတ်မှတ်ကာလ (၁)လအတွင်း Exporter ကုမ္ပဏီများမှ ဈေးကွက်ပေါက်ဈေးဖြင့် ဝယ်ယူပေးမည်ဖြစ်ပြီး၊ နှမ်းစိုက်တောင်သူ အစုအဖွဲ့များ မှ နှမ်းစုပေါင်းရောင်းချပွဲကို မကွေးမြို့နယ်၊ ကံလှကျေးရွာအနီးရှိ Good Brother’s Enterprise ၏ လုပ်ငန်း စုဝန်းအတွင်း၌ (၁၅.၈.၂၀၂၂)ရက်နေ့မှ စတင်၍ ကျင်းပပြုလုပ်ရာ စားသုံးသူရေးရာဦးစီးဌာန၊ မကွေ
မကွေးမြို့နယ် စက်သုံးဆီကြီးကြပ်စစ်ဆေးရေးအဖွဲ့များဖြစ်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဥက္ကဌဦးသန်းထွန်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးရဲအောင်၊ ရေနံထွက်ပစ္စည်းကြီးကြပ် စစ်ဆေးရေးဦးစီးဌာန ဦးအောင်မျိုးထက်(ဦးစီးအရာရှိ)၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဆောင်၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးဖြူနှင့် စားသုံးသူရေးရာဦးစီးဌာန မကွေးမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းတို့သည် (၁၄.၈.၂၀၂၂)ရက်နေ့ နေ့လယ် (၁၃:၃၀)မှ (၁၅:၃၀)နာရီထိ မကွေးမြို့ပေါ်ရှိ စက်သုံးဆီဆိုင်များအား ရှောင်တခင်ကွင်းဆင်း စစ်ဆေးခ
မကွေးကုန်စည်ဒိုင်၌ ဩဂုတ်လ ဒုတိယအပတ်တွင် မိုးမြေပဲများစျေးကောင်းရနေကြောင်း သိရှိရပါသည်။ ဩဂုတ်လပထမအပတ်တွင် မြေပဲဆံ တစ်ပိဿာလျှင် (၄၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ရာမှ ယခုဒုတိယအပတ်တွင် မြေပဲဆံ(၁)ပိဿာလျှင် (၅၀၀၀)ကျပ်ဖြစ်၍ (၁၀၀၀)ကျပ်ခန့် စျေးနှုန်း မြင့်တက်လာကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ဖျာပုံခရိုင်၊ကျိုက်လတ် မြို့နယ်တာဝန်ခံဦးတင်စိန်နှင့် ဝန်ထမ်းတို့သည် (၁၂.၈.၂၀၂၂)ရက်နေ့မှ (၁၅.၈.၂၀၂၂)ရက်နေ့အထိ မြို့နယ်ထွေ/အုပ်၊ စည်ပင်၊ အမှတ်(၃)ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်ပူးပေါင်း၍ နေ့စဥ် နံနက်(၀၈:၀၀)နာရီ အချိန်တွင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်း (ယာယီ)မှ စားအုန်းဆီများကို ရည်ညွှန်းဈေးနှုန်းဖြင့်ရောင်းချနေမှုအား ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ကြောင်းသိရသည်။