ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ဖျာပုံခရိုင်၊ကျိုက်လတ် မြို့နယ်တာဝန်ခံဦးတင်စိန်နှင့် ဝန်ထမ်းတို့သည် (၁၂.၈.၂၀၂၂)ရက်နေ့မှ (၁၅.၈.၂၀၂၂)ရက်နေ့အထိ မြို့နယ်ထွေ/အုပ်၊ စည်ပင်၊ အမှတ်(၃)ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်ပူးပေါင်း၍ နေ့စဥ် နံနက်(၀၈:၀၀)နာရီ အချိန်တွင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်း (ယာယီ)မှ စားအုန်းဆီများကို ရည်ညွှန်းဈေးနှုန်းဖြင့်ရောင်းချနေမှုအား ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ကြောင်းသိရသည်။
ထိုသို့ကွင်ဆင်းကြီးကြပ်ဆောင်ရွက်ရာတွင် ကျိုက်လတ်မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် များအသင်း(ယာယီ)အနေဖြင့် စားသုံးသူပြည်သူများအားသက်သာသော ဈေးနှုန်းဖြင့် သုံးစွဲနိုင်ရေး အတွက် စားအုန်းဆီများကိုဖြန့်ဖြူးရောင်းချပေးခြင်းဖြစ်ပြီး စားအုန်းဆီ(၅၅၀)ပိဿာကို မြို့မဈေးကြီး အတွင်းရှိဖူးပွင့်ဝေ၊ ကရဝိတ်၊ မိုးဆန်းပန်း ၊ စံချိန်မှီ၊ အေးမော်ဦး စသည့်ကုန်မျိုးစုံဆိုင်(၅)ဆိုင်မှ စားအုန်းဆီ (၁) ပိဿာ (၃၇၀၀)ကျပ်ဖြင့်ရောင်းချပေးလျက်ရှိပြီး ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချ ခြင်း မရှိစေရေးအတွက် ဌာနဆိုင်ရာများပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်နေကြောင်း သိရပါသည်။
DOCA(ဧရာဝတီ)