ကုန်သွယ်မှုသတင်းများ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ပခုက္ကူခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် ရေစကြိုမြို့နယ် တာဝန်ခံ ဦးမြတ်မင်းနှင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ကြည်ကြည်စိုးတို့သည် (၉.၈.၂၀၂၂) ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် ပခုက္ကူခရိုင်၊ ရေစကြိုမြို့အမှတ်(၈)ရပ်ကွက်၊ “ကောင်းသန့်” ပဲကြော် လုပ်ငန်းသို့သွားရောက်၍ ကုန်ကြမ်းများဝယ်ယူရသည့် အခြေအနေ၊ ထုတ်လုပ်မှု အခြေအနေ၊ ဈေးနှုန်း၊ ဈေးကွက်အခြေအနေ၊
အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် ယခင်အပတ်(၁၁.၈.၂၀၂၂)နှင့် ယခု အပတ် (၁၇.၈.၂၀၂၂)ရက်နေ့အတွင်း နှမ်းဖြူ (၄၅)ပိဿာတစ်အိတ်လျှင် ယခင်အပတ် (၁၉၅၀၀ဝိ/-)ယခုအပတ်(၂၂၀၀၀ဝိ/-)ဖြစ်၍ (၂၅၀၀ဝိ/-)ဈေးမြင့်တက်ခဲ့ကြောင်း၊ နှမ်းနီ ယခင်အပတ် (၁၉၅၀၀ဝိ/-)ယခုအပတ် (၂၂၅၀၀ဝိ/-)ဖြစ်၍ (၃၀၀၀ဝိ/-)ဈေးမြင့်တက်ခဲ့ကြောင်း၊နှမ်းနက်(စမုံ) ယခင်အပတ် (၂၂၀၀၀ဝိ/-)ယခုအပတ် (၂၅၀၀၀ဝိ/-)ဖြစ်၍ (၃၀၀၀ဝိ/-)အသီးသီးဈေးမြင့်ခဲ့ကြောင်း သိရှိရပါသည်။
ဩဂုတ်လ တတိယအပတ်တွင် ရေနံချောင်းမြို့၏ ဒေသထွက်ကုန်ဖြစ်သော ကြက်သွန်နီစျေးနှုန်းများမြင့်တက်လာကြောင်း သိရပါသည်။ ဇူလိုင်လတွင် ကြက်သွန်နီသည် အမျိုးအစားနှင့် အရည်အသွေးပေါ်မူတည်ပြီး (၁)ပိဿာလျှင်(၁၄၀၀-၁၆၀၀-၁၈၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ရာမှ ယခုဩဂုတ်လ တတိယအပတ်တွင် (၁)ပိဿာလျှင် (၁၉၀၀-၂၁၀၀-၂၄၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်၍ ကြက်သွန်နီ စိုက်တောင်သူများ စျေးကောင်းရနေကြောင်း သိရပါသည်။
ဩဂုတ်လ ဒုတိယအပတ်တွင် မကွေးစျေးကွက်အတွင်း စားဖိုဆောင်သုံး ပစ္စည်းတစ်မျိုးဖြစ်သည့် ငရုတ်သီးခြောက်စျေးနှုန်းများ မြင့်တက်လျှက်ရှိကြောင်း သိရှိရပါသည်။
စက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ စက်သုံးဆီ ရည်ညွှန်းလက်ကားစျေးနှုန်းများအားနေ့စဉ်ထုတ်ပြန်ပေးလျှက်ရှိပါသည်။