Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
26 Aug 2022

           Diamond Dragon Co;Ltd ၏ကိုယ်စားလှယ် ဆီလုပ်ငန်းရှင် ဒေါ်နီလာထွေးနှင့် နေပြည်တော်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ လုပ်ငန်းရှင်များမှ ဈေးကားဖြင့်လှည့်လည်၍ ပြင်ပပေါက်ဈေးထက် သက်သာ‌သောဈေးနှုန်းဖြင့် စားသုံးဆီများကို ရောင်းချပေးခဲ့လျှက်ရှိပါသည်။

26 Aug 2022

          Diamond Dragon Co;Ltd ၏ကိုယ်စားလှယ် ဆီလုပ်ငန်းရှင် ဒေါ်နီလာထွေးမှ “ရာသက်ပန်” အမှတ်တံဆိပ် စားသုံးဆီများကို တစ်ပိဿာလျှင် (၄၃၀၀) ကျပ်နှုန်း ဖြင့်ဆက်လက်ရောင်းချပေးလျက်ရှိပါတယ်။

          (၂၂-၈-၂၀၂၂) ရက်နေ့တွင် လယ်ဝေးမြို့နယ်၊ စစ်မှုထမ်းဟောင်းရုံးတွင် ဝန်ထမ်းတစ်ဦးလျှင် တစ်ပိဿာနှုန်းဖြင့် ဆီပိဿာချိန် (၃၅၅)ပိဿာကိုရောင်းချပေးခဲ့ပြီး၊ ဥတ္တရသီရိမြို့နယ်၊ ရုံးအမှတ် (၁၈)၊ အစိုးရအဖွဲ့ရုံးတွင် ဆီပိဿာချိန် (၂၄၀)ရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါတယ်။

26 Aug 2022

         ဆိပ်ဖြူမြို့ ကြက်သွန်နီ အရောင်းအဝယ်ဖြစ်လျက်ရှိသော ကုန်စည်ဒိုင်သို့ ဩဂုတ်လ (တတိယ)ပတ်အတွင်း ကြက်သွန်နီပင်စိုက်အသစ်များ ဆိပ်ဖြူမြို့နယ်ဒေသတွင်း နေရာအနှံ့အပြားမှ နေ့စဉ်ဝင်ရောက်လျက်ရှိပါသည်။ တစ်ရက်လျှင်ပျမ်းမျှ ကြက်သွန်နီ ကုန်ချိန်ပိဿာ(၂)သောင်းခန့် (၁)ပတ်အတွင်း စုစုပေါင်းပိဿာ(၁)သိန်းခွဲခန့် ကုန်စည်ဒိုင်သို့ ဝင်ရောက်လျက်ရှိပြီး  မြို့ပေါ်ရှိ ကြက်သွန်ကုန်သည် သိုလှောင်ရုံများတွင် ကြက်သွန်နီပိဿာ ပျမ်းမျှ(၁)ပတ်အတွင်းကုန်ချိန် (၃)သိန်းခွဲခန့်ဝင်ရောက် အရောင်းအဝယ်ဖြစ်ကြောင်း၊ ဩ

26 Aug 2022

           အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် ယခင်အပတ်(၁၈.၈.၂၀၂၂)နှင့် ယခု အပတ် (၂၄.၈.၂၀၂၂)ရက်နေ့အတွင်း နှမ်းဖြူ (၄၅)ပိဿာတစ်အိတ်လျှင် ယခင်အပတ် (၂၂၀၀၀ဝိ/-)ယခုအပတ်(၂၂၅၀၀ဝိ/-)ဖြစ်၍ (၅၀၀ဝိ/-)ဈေးမြင့်တက်ခဲ့ကြောင်း၊ နှမ်းနီ ယခင်အပတ် (၂၂၅၀၀ဝိ/-)ယခုအပတ် (၂၃၀၀၀ဝိ/-)ဖြစ်၍ (၅၀၀ဝိ/-)ဈေးမြင့်တက်ခဲ့ကြောင်း၊နှမ်းနက်(စမုံ) ယခင်အပတ် (၂၅၀၀၀ဝိ/-)ယခုအပတ် (၂၅၅၀၀ဝိ/-)ဖြစ်၍ (၅၀၀ဝိ/-)အသီးသီးဈေးမြင့်ခဲ့ပြီး၊ နှမ်းပြာမှာ ယခုအပတ်(၂၂၈၀၀ဝိ/-)ဖြစ် ကြောင်း သိရှိရပါသည်။

26 Aug 2022

           စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဦးစီးမှူးရုံး၊ ပွင့်ဖြူမြို့နယ် တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်ဌေးဌေးဝင်းသည် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရေးနှင့်ပတ် သက်၍ ပွင့်ဖြူမြို့နယ် ရှောက်တောကျေးရွာ၌ မိုးစပါးစိုက်ပျိုးနေမှုအခြေအနေကို တောင်သူ ဒေါ်ခင်စန်းလွင်အား တွေ့ဆုံမေးမြန်းခဲ့ပါသည်။

Pages