Diamond Dragon Co;Ltd ၏ကိုယ်စားလှယ် ဆီလုပ်ငန်းရှင် ဒေါ်နီလာထွေးမှ “ရာသက်ပန်” အမှတ်တံဆိပ် စားသုံးဆီများကို တစ်ပိဿာလျှင် (၄၃၀၀) ကျပ်နှုန်း ဖြင့်ဆက်လက်ရောင်းချပေးလျက်ရှိပါတယ်။
(၂၂-၈-၂၀၂၂) ရက်နေ့တွင် လယ်ဝေးမြို့နယ်၊ စစ်မှုထမ်းဟောင်းရုံးတွင် ဝန်ထမ်းတစ်ဦးလျှင် တစ်ပိဿာနှုန်းဖြင့် ဆီပိဿာချိန် (၃၅၅)ပိဿာကိုရောင်းချပေးခဲ့ပြီး၊ ဥတ္တရသီရိမြို့နယ်၊ ရုံးအမှတ် (၁၈)၊ အစိုးရအဖွဲ့ရုံးတွင် ဆီပိဿာချိန် (၂၄၀)ရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါတယ်။
ထိုသို့ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ အဆင်ပြေစေရန်အတွက် သက်သာသော ဈေးနှုန်းဖြင့် စားသုံးဆီရောင်းချပေးနေမှုများကို အတတ်နိုင် ဆုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း Diamond Dragon Co;Ltd ၏ကိုယ်စားလှယ် ဆီလုပ်ငန်းရှင် ဒေါ်နီလာထွေးက ပြောကြားခဲ့ပါတယ်။
DOCA(ပြည်ထောင်စုနယ်မြေ)