ကုန်သွယ်မှုသတင်းများ
ရွှေဘိုမြို့နယ်ရှိ တောင်သူအများစုမှာ ယခုအချိန်တွင် မိုးစပါးစိုက်ပျိုးချိန်ဖြစ်၍ ဈေးကွက်အတွင်းတွင် သွင်းအားစုများဖြစ်သည့် ဓါတ်မြေဩဇာဈေးနှုန်းများ မြင့်တက်နေပြီး ပုံမှန်ထက်ပို၍ အရောင်းအဝယ်လိုက်နေသည်ဟု စိုက်ပျိုးရေးသုံးဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးအရောင်းဆိုင်များမှ သိရှိရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ကလေးခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ဩဂုတ်လ ( ၂၄ ) ရက် နံနက်ပိုင်းတွင် ကလေးမြို့ပေါ်ရှိ စားအုန်းဆီသုံးစွဲသည့် ဆိုင်များသို့ သွားရောက်၍ ကွင်းဆင်းဆွေးနွေးခဲ့ပါသည်။
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ဇူလိုင်လ တတိယပတ်တွင် စပါး၊ ဆန်ဈေးများ ငြိမ်နေပြီး ဇူလိုင်လ နောက်ဆုံးပတ်မှ စတင်၍ ယနေ့အထိ နေ့စဉ် စပါး၊ ဆန်ဈေးများမြင့်တက်လျက်ရှိပါသည်။ စပါး၊ ဆန်ဈေးအနေဖြင့် ဇူလိုင်လ တတိယပတ်အထိ ဧည့်မထ စပါး ၄၆ ပေါင် တင်း ၁၀၀ လျှင် ၇၀၀၀၀၀/ကျပ်၊ ပေါ်ဆန်းစပါး ၄၆ ပေါင် တင်း ၁၀၀ လျှင် ၁၀၀၀၀၀၀/ကျပ် ရှိခဲ့ပြီး၊ ဧည့်မထ ဆန် ၂၄ ပြည် တစ်အိတ်လျှင် ၃၃၀၀၀/ကျပ်၊ ပေါ်ဆန်း ဆန် ၂၄ ပြည် တစ်အိတ်လျှင် ၅၃၀၀၀/ကျပ်ဖြင့် ဈေးကွက် အတွင်းရောင်းချလျက်ရှိသည်။ ဇူလိုင်လ နောက်ဆုံးပတ်တွင် ဧည့်မထ စပါး ၄၆ ပ
မော်လမြိုင်မြို့၌ ယခုဩဂုတ်လစတုတ္ထအပတ် ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ် အေးနေပြီး ဈေးနှုန်းအနည်းငယ်တက်လာကြောင်းသိရှိရသည်။ ဈေးကွက်ထဲအရောင်းအဝယ်ပုံမှန် ဖြစ်နေတဲ့ ဈေးမှာ ယခင်အပတ်တွင် ကြံ့နှစ်ကောင်(အနီ) ကျပ် ၈၅၀၀၊ ဆင်(ထိုင်း) ကျပ် ၁၁၅၀၀၊ ကြံ့တံဆိပ်(အပြာ) ကျပ် ၈၄၀၀ရှိခဲ့ပြီး ယခုအပတ်တွင် ကြံ့နှစ်ကောင်(အနီ) ကျပ် ၉၆၀၀၊ ဆင်(ထိုင်း) ကျပ် ၁၄၅၀၀၊ ကြံ့တံဆိပ်(အပြာ) ကျပ် ၉၃၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး မော်လမြိုင်မြို့၌ ဓါတ်မြေဩဇာမှာ ဈေးနှုန်းအနည်းငယ်တက်လာပြီး အရောင်းအဝယ်ပုံမှန်ရှိ
ဟုမ္မလင်းမြို့နယ်သည် စိုက်ပျိုးရေးကို အဓိကထား ဆောင်ရွက်သော မြို့တစ်မြို့ ဖြစ်ပါသည်။ ယခုအချိန်သည် မိုးစပါးစိုက်ပျိုးသော ရာသီဖြစ်သောကြောင့် မိုးစပါးစိုက်ပျိုးပြီးမှုအနေဖြင့် ( ၄၃၇၉၅ ) ဧက စိုက်ပျိုးထားရှိပြီး စိုက်ပျိုးရန်ကျန်ရှိသည့် စပါးများကိုလည်း ဆက်လက် စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။