စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ကလေးခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ဩဂုတ်လ ( ၂၄ ) ရက် နံနက်ပိုင်းတွင် ကလေးမြို့ပေါ်ရှိ စားအုန်းဆီသုံးစွဲသည့် ဆိုင်များသို့ သွားရောက်၍ ကွင်းဆင်းဆွေးနွေးခဲ့ပါသည်။
ကွင်းဆင်းဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းဝင်းမှ ဆိုင်ရှင်များအနေဖြင့် မိမိတို့ရောင်းချသော ကုန်ပစ္စည်းများအပေါ်တွင် စားအုန်းဆီသုံးစွဲမှုအခြေအနေများနှင့် ပတ်သက်၍ ကုမ္ပဏီ/ လုပ်ငန်း အမည်၊ လုပ်ငန်းရှင်အမည်နှင့်မှတ်ပုံတင်အမှတ်၊ လုပ်ငန်းတည်နေရာများ ဆက်သွယ်ရန်လိပ်စာ/ ဖုန်းနံပါတ်၊ ယခင်ဝန်ထမ်းအလုပ်သမားခန့်ထားမှုအင်အား၊ ယခုဝန်ထမ်း အလုပ်သမားခန့်ထားမှုအင်အား၊ ဝန်ထမ်း အလုပ်သမား၏အနိမ့်/ အမြင့်ဆုံးလစာ၊ ယခင်တစ်ရက် ပျမ်းမျှစားအုန်းဆီသုံးစွဲခဲ့သည့်ပမာဏနှင့် တစ်ရက်ပျမ်းမျှကုန်ထုတ်လုပ်နိုင်မှုအခြေအနေ၊ လက်ရှိ လုပ်ငန်းလည်ပတ်မှုအခြေအနေများကို မေးမြန်းခဲ့ပါသည်။
ယခုကာလတွင် လုပ်ငန်းရှင်များအနေဖြင့် စားအုန်းဆီများ ဝယ်ယူအသုံးပြုရာတွင် စားအုန်းဆီ တစ်ပိဿာလျှင် ( ၁၁၀၀၀ ) ကျပ်ပေး၍ ဝယ်ယူအသုံးပြုရပါကြောင်း၊ ယခင်နှစ်ကာလများက စားအုန်းဆီ ( ၁၀ ) ပိဿာဝင်တစ်ပုံး ( ၁၉၀၀၀ကျပ်မှ ၂၀၀၀၀ကျပ်) ဝန်းကျင်သာ ဝယ်ယူအသုံးပြုရပါကြောင်း၊ ဈေးနှုန်းများ ဝယ်ယူအသုံးပြုရာတွင် လက်ရှိပေါက်ဈေးနှုန်းမှာ ယခင်ပေါက်ဈေးနှုန်းထက် (၅) ဆခန့်ကြီးမြင့်၍ ဝယ်ယူ အသုံးပြုရပါကြောင်း လုပ်ငန်းရှင်များ၏ ပြောကြားချက်များအရ သိရှိရပါသည်။
DOCA(စစ်ကိုင်း)