Main menu

ရေနံချောင်းမြို့၏ ဒေသထွက်ကုန်ကြက်သွန်နီ စျေးနှုန်းမြင့်တက်

Powered by Drupal

              ဩဂုတ်လ တတိယအပတ်တွင် ရေနံချောင်းမြို့၏ ဒေသထွက်ကုန်ဖြစ်သော ကြက်သွန်နီစျေးနှုန်းများမြင့်တက်လာကြောင်း သိရပါသည်။ ဇူလိုင်လတွင် ကြက်သွန်နီသည် အမျိုးအစားနှင့် အရည်အသွေးပေါ်မူတည်ပြီး (၁)ပိဿာလျှင်(၁၄၀၀-၁၆၀၀-၁၈၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ရာမှ ယခုဩဂုတ်လ တတိယအပတ်တွင် (၁)ပိဿာလျှင် (၁၉၀၀-၂၁၀၀-၂၄၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်၍ ကြက်သွန်နီ စိုက်တောင်သူများ စျေးကောင်းရနေကြောင်း သိရပါသည်။

            ရေနံချောင်းမြို့နယ်အတွင်း  ကြက်သွန်နီစိုက်ဧကစုစုပေါင်း (၃၄၉၉)ဧကရှိပြီး တောင်သူအများစုမှာ ပဲခူးရိုးမမှ ချောင်းဖျားခံပြီး ဧရာဝတီမြစ်သို့စီးဝင်သော ပင်းချောင်းတစ်လျှောက်တွင် အပင်စိုက် စနစ်ဖြင့် စိုက်ပျိုးကြကြောင်းနှင့် မန်ပြေရွာ ၊ ဘုရားကုန်းရွာနှင့် ပင်းဝရွာများမှ  တောင်သူအနည်းစုသည်လည်း ရွာအနီးနားရှိ ကျွန်းများပေါ်တွင် ဥစိုက်စနစ်ဖြင့် စိုက်ပျိုးကြကြောင်း သိရသည်။

            ဒေသထွက်ကုန် ကြက်သွန်နီများကို ပွဲရုံများမှတဆင့် မြို့တွင်းနှင့်အနီးအနားရှိ မြို့များသို့ လက်လီ/ လက်ကားဖြန့်ဖြူးရောင်းချလျက်ရှိပြီး ရန်ကုန်၊ ပြည်နှင့် ရခိုင်ပြည်နယ်များသို့ နေ့စဉ် ပိဿာ(၁၅၀၀၀)ခန့် တင်ပို့ရောင်းချနေရကြောင်း နေ့စဉ်ပိဿာ စုစုပေါင်း(၂၀၀၀၀)ခန့်ရောင်းချရကြောင်း ကြက်သွန်ကုန်သည် တစ်ဦး၏ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မကွေး)